ယူကရိန်းသမ္မတက အမေရိကန်ရဲ့ ကယ်ထုတ်မှုကို ငြင်းပယ်

P

Photo- AP
အမေရိကန်အစိုးရက ယူကရိန်းသမ္မတ ဗလိုဒီမာ ဇယ်လန်းစကီးကို ကယ်ထုတ်ဖို့ ကမ်းလှမ်းတာကို ပယ်ချခဲ့ပါတယ်။
“တိုက်ပွဲက ဒီမှာ ဖြစ်နေတာပါ။ ဒီမှာလိုနေတာက လက်နက်အင်အားပါ။ လာခေါ်တဲ့ဆီ လိုက်ချင်တာ မဟုတ်ပါဘူး” လို့ ဖြေကြားခဲ့ကြောင်း တိုက်ရိုက်ကြားသိခဲ့ရတဲ့ အမေရိကန် ထောက်လှမ်းရေးအရာရှိ တစ်ယောက်က ပြန်ပြောပြခဲ့ပြီး ဇယ်လန်းစကီးရဲ့ အသံမှာ ထက်သန်မှုတွေ ရှိနေဆဲဖြစ်ကြောင်း သူက ဆိုပါတယ်။
တစ်နိုင်ငံလုံးက စစ်တပ်အခြေစိုက်စခန်းတွေနဲ့ မြို့တော်ကြီးတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ပြီးနောက် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ ယူကရိန်းရဲ့ မြို့တော်ကို ရုရှားတပ်ဖွဲ့တွေက ဝိုင်းထားပြီပဲ ဖြစ်ပါတယ်။