ရန်ကုန်မြို့တွင်း ရန်ကင်းမြို့နယ်တွင် ဖေဖော်၀ါရီ ၂၅ ရက်နေ့ ပြောက်ကျားဆန္ဒပြပွဲအပြီး အနီးနားရှိတဲ့ လူငယ်အမျိုးသားတစ်ဦး ဖမ်းဆီးခံရတယ်လို့ Yangon Revolution Force – YRF ရဲ့ Soft Strike Community ကဆိုပါတယ်။
ဆန္ဒပြပွဲပြုလုပ်ခဲ့တဲ့ နေရာတစ်ဝိုက်တွင် အကြမ်းစစ်အုပ်စုတွေက တားဆီးစစ်ဆေးတာ နေ့ခင်းကြောင်တောင် ဧည့်စာရင်းစစ် ခြိမ်းခြောက်ကြိမ်းမောင်းခြင်းတွေလဲ ပြုလုပ်ခဲ့တယ်လို့လဲသိရပါတယ်။