မြန်မာပြည်သူတို့ရဲ့ UN အမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်း ရဲဝင့်စွာ လက်သုံးချောင်းထောင် CDM ဝင်ပြီး ပြည်သူနဲ့ရပ်တည်ခဲ့တာ (၁) နှစ်ရှိပြီလို့ဆိုပါတယ်။
သံအမတ်ကြီးရဲ့ CDM (၁) နှစ်ပြည့်ဂုဏ်ပြုပွဲကို New York အနီးတဝိုက်က မြန်မာတိုင်းရင်းသားပြည်သူများ နယူးယောက်မြို့ခံမြန်မာပြည်ဖွားများ နဲ့ NYCBC က ဦးဆောင်ကာ ဖေဖော်ဝါရီလ (၂၅) ရက် သောကြာနေ့ ညနေ ၅ နာရီမှာ သံအမတ်ကြီးရဲ့ ရုံးရှေ့မှာ ကျင်းပခဲ့ပါတယ်။