ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံတောင်ပိုင်းမှာရှိတဲ့ ချာနိုဘိုင်းနျူကလီးယားစက်ရုံဟောင်း တည်ရှိရာနေရာကို သိမ်းပိုက်လိုက်ပြီး ဝန်ထမ်းတွေကိုလည်း ဓားစာခံအဖြစ် ထိန်းသိမ်းထားတယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။
ယူကရိန်းနိုင်ငံကို အထူးစစ်ဆင်ရေးလုပ်ဆောင်သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က မနေ့က ကြေညာပြီးနောက်မှာပဲ ရုရှားတပ်တွေဟာ စတင်တိုက်ခိုက်ခဲ့ပြီး ယူကရိန်းနယ်မြေထဲကို နယ်စပ်ဒေသတွေ ကဆင့် ဝင်ရောက်လာနေတာပါ။
မနေ့က ချာနိုဘိုင်းလ် အရင်က နျူကလီးယား ဓာတ်ပေါင်းဖို ရှိခဲ့တဲ့ နေရာ အနီးမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေခဲ့ပြီး တိုက်ပွဲတွေအပြီး ချာနိုဘိုင်းလ် ဓာတ်ပေါင်းဖိုဟောင်းကို မထိန်းချုပ်နိုင်တော့ဘူးလို့ ယူကရိန်း သမ္မတ အကြံပေး မီခါယလိုက ပြောခဲ့ပါတယ်။
ချာနိုဘိုင်းလ်မှာ လွန်ခဲ့တဲ့ ၁၉၈၆ ခုနှစ်က အဲဒီက ဓာတ်ပေါင်းဖို ၄ လုံးထဲက ၁ လုံးပေါက်ကွဲပြီး သမိုင်းတလျှောက် အဆိုးဆုံး နျူကလီးယား မတော်တဆမှု ဖြစ်မှုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ရုရှား လေထီးတပ်သားတွေဟာ ကိယဗ် မြို့ကနေ မိုင် ၂၀လောက် အကွာအဝေးမှာ ရှိတဲ့ အန်တိုတော့ဗ် လေတပ်စခန်းကို ဒီနေ့ အစောပိုင်းကတည်းက ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။
ယူကရိန်းအရန်တပ်ဖွဲ့တွေက အဲဒီကို တန်ပြန်ထိုးစစ်ဆင်နေတယ်လို့ ဆိုပါတယ်။