အကြမ်းဖက်စစ်အုပ်စု မီးရှို့လို့ပျက်စီးသွားတဲ့ လူနေအိမ် ၅၀၀၀ ကျော်ပြီ

အကြမ်းဖက်စစ်တပ်နဲ့ လက်အောက်ခံအဖွဲ့တွေမီးရှို့လို့ ပျက်စီးသွားတဲ့လူနေအိမ် ၅၀၀၀ ကျော်ပြီဖြစ်ကြောင်း Data for Myanmar က ထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်အတွင်း စစ်အုပ်စုမီးရှို့လို့ ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၅,၂၃၁ လုံးရှိကြောင်း Data for Myanmar က ယမန်နေ့ညက ထုတ်ပြန်ပါတယ်။
အဲဒီမီးရှို့ခံရတဲ့ ဖြစ်စဉ်တွေဟာ နေရာပေါင်း (၁၅၄) နေရာ လောက်မှ ာဖြစ်ပွားခဲ့တာလို့သိရပါတယ်။
အိမ်မီးရှို့ခံရမှုမှာ စစ်ကိုင်းတိုင်းက အိမ် ၃၁၂၆ လုံးရှိပြီးချင်းပြည်နယ် ၁၀၀၄ လုံးရှိကာမကွေးတိုင်းက ၆၂၆ လုံး နဲ့ တတိယနေရာမှာ ရှိပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အခြေစိုက်ပြောက်ကျားရဲဘော်တစ်ဦးက ‘စစ်ကိုင်းတိုင်းမှာ မီးရှို့တာက တော့ ပြည်သူတွေကို PDF အကြောင်းပြချက်နဲ့ လုံးဝကုန်းကောက်စရာမရှိအောင်မြေလှန်လိုက်တာပါ။ မီးမရှို့ခင်မှာ အိမ်တွေထဲက ပစ္စည်းတွေကို အကုန်လုယက်တယ်။ တချို့ရွာတွေဆို အိမ်တွေမီးရှို့မခံရပေမဲ့ ပစ္စည်းအကောင်းတွေ တက်တက်စင်ပြောင်အောင် အလုခံရတယ်’လို့ ဆိုပါတယ်။
အဲဒီစာရင်းတွေဟာ ဒေသခံလူ့အခွင့်အရေးအဖွဲ့တွေနဲ့ စစ်ဘေးရှောင်တွေကိုကူညီပေးနေတဲ့ အဖွဲ့တွေက ထုတ်ပြန်တဲ့စာရင်းတွေအပေါ်အခြေခံထားခြင်းဖြစ်ပြီး မပြည့်စုံတဲ့ အချက်အလက်တွေကို ချန်ထားခဲ့တာ ဖြစ်လို့ အိမ်မီးရှို့ခံရမှုမြေပြင်အရေအတွက်က အခုစာရင်းထက်ပိုများနိုင်တယ်လို့ Data for Myanmar က ဆိုပါတယ်။