ဒီကနေ့ ကောလင်းတိုက်ပွဲတွေအတွင်း စစ်အုပ်စုက တစ်ဦးသေ

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အင်းမရွာအနီးမှာ စစ်အုပ်စုရဲ့ စစ်ကြောင်းတစ်ခု နှစ်ကြိမ် အတိုက်ခံရပြီး စစ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ Kawlin Revolution RKက သတင်းထုတ်ပြန်လာပါတယ်။
ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ မနက် ၅ နာရီခန့်မှာ ကောလင်းမြို့နယ် အရှေ့ဘက် အင်းမကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို ကောလင်းပြည်သူ့ကာကွယ်ရေး ပကဖက ပထမအကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သူမရှိခဲ့ဘူးလို့ သိရပါတယ်။
ညနေ ၄နာရီခန့်မှာတော့ အင်းမရွာကနေ စစ်ကြောင်းဆက်ထွက်လာတဲ့ စစ်အုပ်စုဟာ ကောလင်းပြည်သူ့ကာကွယ်ရေး ပကဖ ထောင်ထားတဲ့ တိုက်မိုင်းတစ်ခုကို နင်းမိအပြီးမှာ ပကဖက ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက တစ်ဦးသေဆုံးပြီး ၂ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက သာလွန်လက်နက်အင်အားတွေနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်အင်အား မမျှတတာကြောင့် ပြောက်ကျားစနစ်နဲ့ မိုင်းဆွဲတိုက်ခိုက်ကာ ခုခံနေကြရပါတယ်။