ဒီပဲယင်းမြို့နယ်မှာ စစ်အုပ်စုက ပြည်သူတစ်ဦးကို အသက်သေဆုံးသည်အထိ နှိပ်စက်ပြီး လမ်းဘေးစွန့်ပစ်

စစ်ကိုင်းတိုင်း နယ် ဂွေးပင်ကုန်ကျေးရွာက ပြည်သူ၃ဦးကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားပြီး တစ်ဦးကို အသက်သေဆုံးသည်အထိ ရိုက်နှက်နှိပ်စက်ကာ လမ်းဘေးစွန့်ပစ်ခဲ့တယ်လို့ Free Rangers-Depeyinအဖွဲ့က သတင်းထုတ်ပြန်လိုက်ပါတယ်။
ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ မနက် ၃နာရီ၃၀မိနစ်ခန့်မှာ စိုင်ပြင်ကြီးအနီးမှာရှိတဲ့ ဂွေးပင်ကုန်းကျေးရွာကို စစ်အုပစ်ုက ဝင်ရောက်ဖျက်ဆီးပြီးနောက် ပြည်သူ ၂၀ ဦးခန့်ကို ဖမ်းဆီးနှိပ်စက်ပြီး စစ်ကြောင်းပြန်အထွက်မှာ ပြည်သူ၃ဦးကို စိုင်ပြင်ဘက်ကို ဖမ်းဆီးခေါ်ဆောင်သွားတာပဲဖြစ်ပါတယ်။
ဖမ်းဆီးခေါ်ဆောင်သွားသူတွေအနက် တစ်ဦး စစ်အုပ်စုက အသက်သေဆုံးသည်အထိ ရိုက်နှက်နှိပ်စက်ကာ စိုင်ပြင် မီးသတ်တပ်ဖွဲ့စခန်းအနီးမှာ စွန့်ပစ်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ ဂွေးပင်ကုန်းကျေးရွာမှာရှိတဲ့ ပြည်သူတွေရဲ့ ဆိုင်ကယ်၃စီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုက ဖမ်းဆီးပြီး အသက်သေဆုံးသည်အထိ နှိပ်စက်ခဲ့သူနဲ့ ဆက်လက်ဖမ်းဆီးသွားသူတွေရဲ့ အမည်တွေကိုတော့ သီးခြားစုံစမ်းနေစဲပဲဖြစ်ပါတယ်။