ကချင်ပြည်နယ် ပူတာအိုမြို့နယ် လုံရှာယာန်ကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ တပ်မ ၉၉က ပြည်သူတွေရဲ့ နေအိမ်တွေမှာ အလံဖြူထောင်ခိုင်းထားတာကြောင့် နေအိမ်တချို့ အလံဖြူထောင်ထားကြတယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Kachinwavesမှာ ဖော်ပြထားပါတယ်။
“တပ်မ၉၉မှ ဗိုလ်ကြီးတစ်ဦးက လေယာဥ်တွေ ပျံရင် မြင်နိုင်အောင်လို့ အလံဖြူထောင်ထားတာကိုတွေ့ရင် လူရှိတယ်ဆိုတာသိအောင် လုပ်ခိုင်းထားတယ် “လို့ ဒေသခံတစ်ဦးကပြောပါတယ်။
လက်ရှိမှာ အလံဖြူထောင်ထားတဲ့ နေအိမ်ပေါင်း ၁၀အိမ်ကျော်ရှိပြီး အများဆုံးထောင်ထားတဲ့နေရာတွေဟာ လမ်းဘေးက နေအိမ်တွေဖြစ်တယ်လို့ သိရပါတယ်။
ပူတာအိုမြို့နယ်အတွင်းမှာ ဖေဖေါ်ဝါရီလ လဆန်းပိုင်းက စတင်ပြီး အကြမ်းဖက်စစ်အုပ်စုနဲ့ KIAတို့အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး ပြည်သူ ၆ထောင်ကျော်ဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။