မိုးဗြဲမြို့မှာ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး စစ်အုပ်စုက လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်

Photo- KNDF
မိုးဗြဲဒေသ ဝှါရီးဆူးပလိုင်ကျေးရွာ၊ နန်းမယ်ခုံနဲ့ ဒေါကမီး၊ဆီးလီဒုန်းဒေသတွေမှာ ဒီနေ့ ဖေဖော်၀ါရီ ၂၄ ရက် နေ့ရက်နေ့အထိကို အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေအဆက်မပြတ် ပစ်ခတ်နေတယ်လို့ ရွှေလွိုင်ကော်ပရဟိတ အသင်းက တာ၀န်ရှိသူတစ်ဦးက ဆိုပါတယ်။
အကြမ်းဖက်စစ်​အုပ်စု တစ်​နေကုန်းနီးပါ တိုက်​လေယာဥ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှု​တွေကြောင့် မိုးပြဲ​ဒေါကမီး၊ ဆီးလီဒုန်း​ကျေရွာ​နေပြည်သူ (၂) ဦး ဗုံးထိမှန်​သေဆုံးကာ (၄) ဦးပြင်းထန်စွာ ဒဏ်ရာရခဲ့တယ်လို့ Karenni Nationalities Defense Force-KNDF ကလဲ ထုတ်ပြန်ထားပါတယ်။
မိုးဗြဲဒေသ ဝှါရီးဆူးပလိုင်ကျေးရွာနဲ့ ဝီတဲကူးကျေးရွာတွေမှာရှိတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေကိုလည်း စစ်အုပ်က လေယာဉ်တွေနဲ့ ဗုံးကြဲဖျက်ဆီးနေတာကြောင့် ဒေသခံပြည်သူ သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်နယ်စပ် မိုးဗြဲဒေသအတွင်း ဖေဖေါ်ဝါရီ ၁၆ ရက်နေ့က စတင်ကာ တိုက်ပွဲတွေပြင်းထန်နေခဲ့ပြီး တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက တိုက်လေယာဉ်တွေ သံချပ်ကာ အမြှောက်ကားတွေအပြင် တာဝေးပစ်လက်နက်ကြီးတွေကိုပါ အသုံးပြုတိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၁၆ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ၂၁ ကြိမ်အထိ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။