ဒီနေ့ မနက်အစောပိုင်းကစပြီး ရုရှားတပ်တွေ ယူကရိန်းကို စတင်တိုက်ခိုက်ချိန်မှာ ရုရှားလေယာဉ် ငါးစီးနဲ့ ရဟတ်ယာဉ် တစီးကို ပစ်ချခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။
ကုလသမဂပဋိညာဉ်စာတမ်းပါ ပုဒ်မ ၅၁ အရ မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့်ကို အသုံးပြုပြီး အမျိုးသားကာကွယ်ရေးတပ်ဖွဲ့တွေဟာ ပြည်နယ်နယ်စပ်ကို ဖြတ်ကျော်ပြီး ရန်သူကို ဂုဏ်သိက္ခာရှိစွာ ဆန့်ကျင်နေတယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။အခြေအနေကို ထိန်းထားနိုင်ပြီ ၊ ရုရှားတပ်တွေ ဆုံးရှုံးနေရပြီလို့လည်း ဆိုပါတယ်။
ဒါပေမယ့် ရုရှားဘက်ကတော့ လေယာဉ်တွေ ပစ်ချခံရတာ မဟုတ်ဘူးလို့ ပြန်ငြင်းထားတဲ့အကြောင်းကို ရုရှား နိုင်ငံပိုင်မီဒီယာ TASS က ထုတ်ပြန်ထားပါတယ်။
ယူကရိန်းနဲ့ တိုက်ပွဲအခြေအနေထုတ်ပြန်ချက်နဲ့ ပတ်သတ်လို့ နိုင်ငံတကာသတင်းမီဒီယာတွေအနေနဲ့ သီးခြားအတည်မပြုနိုင်သေးဘူးလို့ ဖော်ပြထားကြပါတယ်။