ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် နာရီပိုင်းအတွင်း ရာနဲ့ချီသေဆုံးမှုတွေ ရှိနေတယ်လို့ ယူကရိန်းပြော

သမ္မတပူတင်က ယူကရိန်းကို စစ်ကြေညာအပြီး နာရီပိုင်းအတွင်းမှာပဲ ရုရှား စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံတလွှား သေဆုံးမှု ရာချီရှိတယ်လို့ ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တယ်လို့ CNN သတင်းဌာနက ဖော်ပြပါတယ်။
ယူကရိန်းရဲ့ စစ်တပ်နဲ့ လေတပ်အခြေစိုက် စခန်းကိုတွေ ပစ်ခတ်ထားတိုက်ခိုက်ရတာဖြစ်ပြီး သေဆုံးမှု အတိအကျကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
ယူကရိန်းနိုင်ငံကို အထူးစစ်ဆင်ရေးလုပ်ဆောင်သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကဒီကနေ့ ဖေဖော်ဝါရီလ ၂၄ ရက် မှာ နိုင်ငံရုပ်သံမိန့်ခွန်းမှာ ကြေညာလိုက်ပြီးတဲ့နောက် ယူကရိန်းမြို့တော် ကိယက်ဗ်အပါအဝင် မြို့တော်တော်များများမှာ ပေါက်ကွဲသံတွေ ဆက်တိုက်ထွက်ပေါ်လာခဲ့ပါတယ်။
တချိန်တည်းမှာပဲ ရုရှားတပ်တွေဟာ ခရိုင်းမီးယားတောင်ပိုင်းကနေ ယူကရိန်းပိုင်နက်ထဲ ဝင်ရောက်လာနေတယ်လို့ CNN သတင်းဌာနက ဖော်ပြထားပါတယ်။
ယူကရိန်းနိုင်ငံထဲမှာ အရေးပေါ်အခြေအနေကြေညာထားပြီး အရပ်သားပြည်သူတွေဟာလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။