ချောင်းဦးမြို့နယ်မှာ ပျူစောထီးအဖွဲ့ဝင်ဆိုသူ လင်မယားနှစ်ဦး ရှင်းလင်းခံရ

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ယာကြီးတောကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုလက်အောက်ခံ ပျူစောထီးအဖွဲ့ဝင်ဆိုသူ လင်မယားနှစ်ဦး ရှင်းလင်းခံခဲ့ရတယ်လို့ မုံရွာအမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်လာခဲ့ပါတယ်။
မနေ့က ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ ညနေ ၃ နာရီခန့်မှာ ယာကြီးတောကျေးရွာက ပျူစောထီးအဖွဲ့ဝင်ဆိုသူ ကိုဖိုးအဲနဲ့ မသင်းသင်းလှိုင်တို့ လင်မယားကို ဗိုလ်စနေအဖွဲ့က ရှင်းလင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုဟာ ပျူစောထီးတွေကို လက်နက်တပ်ဆင်ပေးပြီး နယ်မြေခံ တပ်ဖွဲ့ပုံစံတွေ အသုံးချကာ ပြည်သူတွေရဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီး လုယက်တာတွေ လုပ်ဆောင်နေခဲ့ပါတယ်။