ဒီနေ့ရန်ကုန်မှာ ၂ ခြောက်လုံးလူထုအရေး တော်ပုံနေ့အထိမ်းအမှတ်အဖြစ် ‘ လူထုလက်ရုံး ၂ ခြောက်လုံး ၊ စစ် ၃ စစ်ကိုအပြတ်ကျုံး ‘ ဆိုတဲ့ ဘန်နာကိုင်ဆောင်ပြီး အကြမ်းဖက် ဖက်ဆစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါတယ်။
ဒီလှုပ်ရှားမှုကို GSC အင်အားစုတွေဖြစ်တဲ့ ကြည့်မြင်တိုင် လူငယ်များ သပိတ်ကော်မတီ ၊ ကြည့်မြင်တိုင်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသ) ၊ လူ့ဘောင်သစ်လူငယ်များ ၊ သာကေတမြို့နယ် လူငယ်သပိတ်ကော်မတီနှင့် မြို့နယ်အသီးသီး သပိတ်လူငယ်များ ပူးပေါင်းပြုလုပ်ခဲ့ကြတာပါ။