အကြမ်းဖက်စစ်အုပ်စုဆန့်ကျင်ရေး “ပြန်လည်စုရုံး နှစ်ခြောက်လုံး” လူထုလှုပ်ရှားမှု ပြုလုပ်

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ လူငယ်များက ဖေဖော်ဝါရီလ ၂၂ ရက်၊ နံနက်ပိုင်းတွင် “ပြန်လည်စုရုံး နှစ်ခြောက်လုံး” လူထုလှုပ်ရှားမှုပြုလုပ်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
မနက်အစောပိုင်းတွင်လည်း လောင်းလုံးမြို့နယ်လုံးဆိုင်ရာအခြေခံပညာကျောင်းသားများသမဂ္ဂနဲ့ ပြည်သူလူထုပူးပေါင်းပြီး”ပြန်လည်စုရုံး ၂၂၂၂၂၂ ကျေးလက်ပုန်ကန်မြို့ပြဖီဆန်”ဘန်နာကိုင်ဆွဲကာ လူရာချီ လမ်းပေါ်ထွက်ပြီး စည်ကားသပိတ်ပြုလုပ်ကာ စစ်အာဏာရှင်ကိုသပိတ်မှောက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။