စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ကျေးရွာ (၇) ရွာရှိ အလှူရှင်တွေ စုပေါင်းပြီး မင်းကင်းဒေသရှိ မီးဘေးသင့်နဲ့စစ်ဘေးရှောင်ပြည်သူတွေအတွက် ဆန် (၈၅) တင်း လှူဒါန်းခဲ့ပါတယ်။
အဲဒီလှူဒါန်းတဲ့ ဆန် (၈၅) တင်းက Phoenix People’s Defence Force-Depeyin (ဒီပဲယင်း မီးငှက်အဖွဲ့) ကမင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံ အလှူရှင်တွေကိုယ်စား သွားရောက်ပို့ဆောင်ခဲ့တယ်လို့ PPDF(ဒီပဲယင်း မီးငှက်အဖွဲ့) က ထုတ်ပြန်ပါတယ်။
‘ပြည်သူကနေ ပြည်သူကို ကူညီမှုအပေါ် အင်မတန်ဝမ်းသာရပါတယ်။ အခုမင်းကင်းက မီးဘေးသင့်ဆိုတာ စစ်ခွေးတွေ မီးရှို့ခဲ့တာပဲ။ ပြည်သူတွေ တနိုင်ကူညီဖေးမတဲ့ပုံစံနဲ့ စစ်ခွေးတွေကို ဝိုင်းတိုက်ကြတဲ့သဘောပဲ’ လို့ မင်းကင်းမြို့နယ်အတွင်းရှိ ပြောက်ကျားရဲဘော်တစ်ဦးက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်က လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ၊ငဝဲတောကျေးရွာကို PPDF (ဒီပဲယင်း မီးငှက်အဖွဲ့) က အလှူရှင်တွေလှူဒါန်းတဲ့ အိမ်ဆောက်သစ်လုံးတွေကို ဖေဖေါ်ဝါရီ ၁၇ ရက်နေ့က သွားရောက်လှူဒါန်းခဲ့ပါသေးတယ်။