ပူတင်ဟာ ကြိုတင်ကြံစည်ထားတဲ့ စစ်ပွဲကို စတင်လိုက်ပြီလို့ ဘိုင်ဒန်ပြော

ရုရှားသမ္မတပူတင်ဟာ ယူကရိန်းကို တိုက်ခိုက်ဖို့ ကြိုတင်ကြံစည်ထားတဲ့ စစ်ပွဲကို စတင်လိုက်ပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောပါတယ်။
ယူကရိန်းနိုင်ငံကို အထူးစစ်ဆင်ရေးလုပ်ဆောင်သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဒီကနေ့မှာပဲ ကြေညာလိုက်ပြီးတဲ့နောက် အမေရိကန်သမ္မတက အခုလို ထုတ်ပြန်လိုက်တာပါ။
လက်ရှိမှာတော့ ယူကရိန်းမြို့တော် ကိယက်ဗ်အပါအဝင် ယူကရိန်းတောင်ပိုင်းမှာ ပေါက်ကွဲသံတွေနဲ့ မီးလောင်တာတွေ ဖြစ်ပေါနေပါတယ်။
“ဒီတိုက်ခိုက်မှုကြောင့် သေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် ရုရှားနိုင်ငံက တာဝန်ရှိပါတယ် ၊ ကမ္ဘာကြီးက ရုရှားကို တာဝန်ခံခိုင်းမှာပါ” လို့ သမ္မတ ဘိုင်ဒန်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။