ဆိုမာလီယာမှာ အသေခံဗုံးခွဲလို့ လူ ၁၂ယောက်မနည်းသေဆုံး

Photo – Twitter

ဆိုမာလီယာနိုင်ငံက စားသောက်ဆိုင်တခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတခုကြောင့် လူ ၁၂ယောက်ထက်မနည်းသေဆုံးခဲ့ပြီး ၁၄ယောက် ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

နောက်တက်မယ့် သမ္မကို ရွေးချယ်မယ့် ဖေဖော်ဝါရီလ ၂၅ရက်နေ့  လွှတ်တော်‌ရွေးကောက်ပွဲ ပြင်ဆင်နေချိန် အခုလို ပေါက်ကွဲမှု ဖြစ်တာကြောင့် အာဏာပိုင်တွေက စိုးရိမ်နေကြပါတယ်။

ဆိုမာလီယာနိုင်ငံဟာ ဆယ်စုနှစ် နှစ်ခုကြာ ပြည်တွင်းစစ်ဖြစ်ပွားပြီးနောက် တိုင်းပြည်ပြန်လည်တည်ဆောက်ရေး ရုန်းကန်နေရချိန်မှာ အယ်ရှာဘတ် စစ်သွေးကြွအဖွဲ့ရဲ့ ပုန်ကုန်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ 

အဲဒီအသေခံဗုံးခွဲတိုက်ခိုက်မှုက သူတို့လက်ချက်ပါလို့ အယ်ရှာဘတ် စစ်သွေးကြွအဖွဲ့က ကြေညာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ သီတင်းပတ်တွေကလည်း မြို့တော် မိုဂါဒစ်ရှုးအပါအဝင် နေရာတော်တော်များများမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီး ဒါတွေဟာ အယ်ရှာဘတ်တွေ လုပ်တာပဲလို့ ရဲတပ်ဖွဲ့က သံသယာရှိနေပါတယ်။