ကနီ၊ ဝင်မနားရဲစခန်းတိုက်ပွဲ အကြမ်းဖက်တပ်သား၂၅ ဦးသေ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ဝင်မနားနယ်မြေရဲစခန်းကို ချင်းတွင်းမဟာမိတ် PDF တပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်တပ်သား ၂၅ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်)က ဒီနေ့ ထုတ်ပြန်ပါတယ်။
ယမန်နေ့ ည ၁၀ နာရီခွဲကျော်က တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်ပြီး ဝင်မနားရဲစခန်းပျက်စီးမှုများပြားသလို ဒဏ်ရာရအကြမ်းဖက်စစ်သားနဲ့ရဲလည်းများပြားတယ်လို့ PDF ရဲဘော်တစ်ဦးကပြောပါတယ်။
ကာကွယ်ရေးတပ်ဖွဲ့ဝင်သုံးဦးကျဆုံးခဲ့ပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့တယ်လို့လည်းဆိုပါတယ်။
အဲဒီတိုက်ပွဲဟာ ယမန်နေ့ည ၁၁ နာရီလောက်ကနေ ဒီနေ့မနက် ၄ နာရီအထိ ကြာခဲ့ပြီး အကြမ်းဖက်စစ်သား၃၀လောက်သေဆုံးတယ်လို့ Myingyan Guerrilla Force ကဒီနေ့မနက် ထုတ်ပြန်ပါတယ်။