စစ်ကိုင်းတိုင်း ကလေးမြို့မှာ နေအိမ်ကို ခတ္တပြန်လာတဲ့ PDF ကလေး တပ်ရင်း (၅) က တပ်စုမှူးတစ်ဦးကို စစ်အုပ်စုက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ ဒေသတွင်း နွေဦးတော်လှန်ရေးသတင်းတွေကို တင်ဆက်ပေးနေတဲ့ Voice Of Kalay က ဖော်ပြထားပါတယ်။
မနေ့က ဖေဖေါ်ဝါရီလ ၂ ရက်နေ့ ညနေ ၆ နာရီခန့်မှာ ကလေးမြို့ ချမ်းမြေ့အောင်စည်ရပ်ကွက် ၂၂၈ လမ်းအနီး တောင်ကြီးဒံပေါက် ရောင်းဝယ်ရေးရဲ့ အနောက်ဘက်မှာ နေထိုင်တဲ့ PDF ကလေးရဲ့ တပ်စုမှူးတစ်ဦးဖြစ်သူ ဦးစိုရဲဇက် ခေါ် သားဒုတ်ကို စစ်အုပ်စုက ဝင်ရောက်ဖမ်းဆီးခဲ့တာပဲ ဖြစ်ပါတယ်။
နေအိမ်ကို ခတ္တပြန်လာစဥ် အချိန်ကိုက်ဖမ်းဆီးမှုမှာ နေအိမ်အနီးမှာ ဒလန်သတင်းပေးတွေရဲ့ သတင်းပေးပို့မှုကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
ဦးစိုင်းရဲဇက်ရဲ့ နေအိမ်မှာ လေဖြတ်ဝေဒနာကို ခံစားနေရတဲ့ ဖခင်ဖြစ်သူလည်းရှိနေပြီး သူရဲ့ဖခင်ဖြစ်သူကိုပါ စစ်အုပ်စုက ရိုက်နှက်သွားခဲ့တယ်လို့ သိရပါတယ်။
စစ်အုပ်စုက ဦးစိုင်းရဲဇက်ကို ဖမ်းဆီးပြီးနောက် လက်ကိုင်ဖုန်းကိုပါ သိမ်းဆည်းခဲ့ပြီး ဖုန်းအတွင်း ဦးစိုင်းရဲဇက်နဲ့ စကားပြောဆို ချိတ်ဆက်မိသူတွေကိုပါ ထပ်မံဖမ်းဆီးဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။