ကျိုက်လတ်မြို့မှာ စစ်အုပ်စုနဲ့ပူးပေါင်းပြီး ပြည်သူကို ရိုက်နှက်ဖမ်းဆီးတဲ့ အမျိုးသားတစ်ဦး အပစ်ခံရ

ဧရာဝတီတိုင်း ကျိုက်လတ်မြို့ ညောင်ပင်စုကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပြည်သူကို ရိုက်နှက်ဖမ်းဆီးတာ စစ်အုပ်စုကို သတင်းပေးတာ လုပ်ဆောင်နေတဲ့ ဦးလှသောင်းဆိုသူ သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ဖေဖေါ်ဝါရီလ ၂ရက်နေ့ ညပိုင်းမှာ စစ်အုပ်စုရဲ့ သတင်းပေးဒလန်လို့ နာမည်ကြီးနေသူ ဦးလှသောင်းကို ဧရာဝတီလင်းပိုင်အဖွဲ့နဲ့ ဧရာဗေဒါအဖွဲ့တို့ ပူးပေါင်းရှင်းလင်းခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ဦးလှသောင်းဟာ နှင်းဆီပါတီဝင်တစ်ဦးဖြစ်ခဲ့ပြီး လူငယ်တစ်ဦးကို PDFလို့စွပ်စွဲကာ စစ်အုပ်စုနဲ့အတူ ပူးပေါင်းဖမ်းဆီးကာ ရိုက်နှက် နှိပ်စက်ခဲ့သူလည်းဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူတွေရဲ့ တိုင်ကြားမှုတွေကြောင့် ဦးလှသောင်းကို အနီးကပ်စောင့်ကြည့်ပြီးနောက်မှာ အခုလို ရှင်းလင်းဖြစ်ခဲ့တာဖြစ်တယ်လို့ ဧရာဝတီလင်းပိုင်အဖွဲ့က ဆိုပါတယ်။