ရန်ကုန် မြောက်ဥက္ကလာရှိ လေတပ် ဗိုလ်မှူးကြီး အောင်မျိုးကျော်အိမ် ဗုံးခွဲခံရ

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ဂ ရပ်ကွက် ၊ ဥက္က ၅ လမ်းရှိ လေတပ် ဗိုလ်မှူးကြီးအောင်မျိုးကျော်ရဲ့ နေအိမ်တွင် ယနေ့ နံနက် ၅ နာရီခွဲ ဝန်းကျင်တွင် ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဗုံးပေါက်တဲ့ အိမ်ဟာလေတပ် ဗိုလ်မှူးကြီးအောင်မျိုးကျော် (လေ ၂၀၈၄) ခေတ္တ ဒုတိယလေတပ်စခန်းဌာနချုပ်မှူးရဲ့ ဥက္ကာ (၅) လမ်း၊ (ဂ) ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့အတွင်းက နေအိမ်ဖြစ်ကြောင်း သိရှိရပါတယ်။
“အိမ်ထဲကနေ ပေါက်တာ။ ဘယ်လို ပေါက်လဲတော့မသိသေးဘူး။ လမ်းတွေတော့ခုထိပိတ်ထားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။