မိုးညှင်းက မော်ဟန် ရဲစခန်းကို ​သိမ်း၊ စခန်းမှူးနဲ့ တပ်ကြပ် တစ်ဦး​သေ

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် ​မော်ဟန်ကျေးရွာက အကြမ်းဖက် စစ်​အုပ်စုရဲစခန်းကို တိုက်ခိုက်ခဲ့ရာ စခန်းမှူးနဲ့တပ်ကြပ်တစ်ဦးသေဆုံးပြီး လက်နက်​တွေလည်းသိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ မနက်၃ နာရီ​ကျော်က ကေအိုင်​အေနဲ့ PDF တို့ သွား​ရောက် တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီး​ခဲ့​ကြောင်း ဒေသတွင်းမီဒီယာ Kachinwaves ကဖော်ပြပါတယ်။
​ဖေ​ဖော်ဝါ်ရီ ၁ ရက်​နေ့ကလည်း ပူတာအို မြို့နယ်၊ ဆွမ်ပီယာန်ကျေးရွာရှိ အကြမ်းဖက်စစ်အုပ်စု တပ်စခန်းတစ်ခုကို ​ကေအိုင်​အေနဲ့ PDF တို့ သိမ်းယူပြီး မီးရှို့ဖျက်ဆီး​ခဲ့ပါသေးတယ်။