စစ်ကိုင်းတိုင်း တမူးမြို့နယ် တမူး-ကလေး အာရှလမ်းမကြီးတစ်လျှောက်မှာ နေရာအနှံတိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မည်သည့်ယာဉ်မှ ယာယီဖြတ်သန်းသွားလာတာ မလုပ်ဆောင်ဖို့ တမူးPDF တပ်ရင်း (၃) က အရေးပေါ် သတိပေးထုတ်ပြန်ချက်ကို ဒီကနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
အာရှလမ်းမကြီးတစ်လျှောက်မှာ စစ်အုပ်စုက စစ်ကြောင်းထိုး ဝင်ရောက်နေပြီး နေရာအနှံတိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အိမ်စီးကား၊ ခရီးသည်တင်ကား၊ ကုန်ကားတွေအပြင် လူနာတင်ကားတွေပါ ယာယီဖြတ်သန်းမသွားဖို့အတွက် သတိပေးလိုက်တာပါ။
တမူးမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ စခန်းတွေ မကြာခဏ အတိုက်ခံရပြီးနောက်မှာ စစ်အုပ်စုဟာ အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုး တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး နေ့စဉ်တိုက်ပွဲတွေ ဖြစ်ပွားနေလျှက်ရှိနေပါတယ်။