စစ်အုပ်စုနဲ့ ပျူစောထီးတွေ စခန်းချထားတဲ့ ဇီးဖြူကုန်းကျေးရွာ ထပ်မံအတိုက်ခံရပြီး သေဆုံးသူများ

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာမှာ စစ်သင်တန်းပေးရင်း တပ်စခန်းချထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပျူစောထီးတွေကို PDFပူးပေါင်းတပ်ဖွဲ့က ထပ်မံတိုက်ခိုက်ခဲ့ပြီး သေဆုံးသူတွေ များပြားခဲ့တယ်လို့ အောင်ဆန်းတပ်ဖွဲ့က ဒီကနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
မနေ့က ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၄ နာရီခန့်မှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်အုပ်စုက ၅ ဦးထက်မနည်း ထက်မံသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
“စခများရဲ့ ကြောက်အားလန့်အားပစ်ခတ်သံ၊ အော်သံ၊ ငိုသံများနဲ့ လှလှပပအဆုံးသတ်နိုင်ခဲ့ကြောင်း၊
ယမ​န်​နေ့ညက ကျွန်ုပ်တို့ တိုက်ခိုက်မှုကြောင့် အဝီဇိဆင်းမယ့် စခနဲ့ပျူတွေရဲ့ ထင်းပုလ္လင်ပေါ်မှာ ထပ်တိုး (၅)ကောင် အားကျမခံဘဲ အလုအယက်ထပ်မံတက်သွားကြောင်း၊ကျွန်ုပ်တို့ မဟာမိတ်တပ်ဖွဲ့ဘက်ကတော့ အထိအခို​က်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့​ကြောင်း မြေပြင်မှ သတင်း​ပေးပို့လာပါသည်”လို့ အောင်ဆန်းတပ်ဖွဲ့က ဆိုပါတယ်။
တိုက်ခိုက်မှုကို အောင်ဆန်းတပ်ဖွဲ့ နဲ့ ပုလဲ ပ.က.ဖ မဟာမိတ်တပ်ပေါင်းစုတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဇီးဖြူကုန်းစခန်းကို ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်မှုဟာ ဒုတိယအကြိမ်ဖြစ်ပြီး ပထမအကြိမ်တိုက်ပွဲအတွင်းမှာ စစ်အုပ်စုက ၅ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။