ဆိုင်ကယ်ရပ်မပေးတဲ့ကြံ့ဖွံ့ပါတီဝင်တစ်ဦး အကြမ်းဖက်တပ်က သေနတ်နဲ့ပစ်လို့သေ

ဆိုင်ကယ်ရပ်မပေးလို့ဆိုပြီး ကြံ့ဖွံ့ပါတီ၀င် အမျိုးသားတစ်ဦးကို အကြမ်းဖက်စစ်တပ်က သေနတ်နဲ့ပစ် ခတ်ခဲ့ရာသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကိုင်းမြို့၊ ဧမြ၀တီရပ်ကွက် အနောက်ပိုင်း‌နေ ကြံ့ဖွံ့ပါတီ၀င် အမျိုးသားတစ်ဦး မန္တလေးမြို့မှာ ဆိုင်ကယ်ရပ်မပေးလို့ ဆိုပြီး ဇန်နဝါရီ ၂၇ ရက်နေ့ညက အပစ်ခံရခြင်းဖြစ်တယ်လို့ ဒေသတွင်းနွေဦးတော်လှန်ရေးစာမျက်နှာ စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဒီကနေ့ထုတ်ပြန်ပါတယ်။
သေဆုံးသွားသူရဲ့ ယောက္ခမဟာလည်း ကြံ့ဖွံ့ပါတီဝင်ဖြစ်တယ်လို့လည်း သိရပါတယ်။
စစ်ကိုင်းမြို့ပေါ်နေတက်ကြွလှုပ်ရှားသူတစ်ဦးက ‘စစ်ခွေးတွေအတွက်ကြံ့ဖွံ့လည်းပစ်စရာရှိရင်ပစ်မှာပဲဆို တာကို သက်သေပြလိုက်တာပဲ။စစ်ကိုင်းကကြံ့ဖွံ့ တော်တော်မျက်နှာပျက်ကုန်တယ်။စိတ်မကောင်းစရာ ကအသတ်ခံရတဲ့သူရဲ့ မိန်းမကကိုယ်ဝန်ကြီးနဲ့ကျန်ခဲ့တယ်ဆိုတာပါပဲ။အာဏာရှင်တွေလက်အောက်ကရုန်းမ ထွက်နိုင်မချင်း ဒီလိုအဖြစ်ဆိုးမျိုးတွေ ရှိနေမှာပဲ’လို့ စစ်ကိုင်းမြို့ပေါ်နေ တက်ကြွလှုပ်ရှားသူတစ်ဦးကပြောပါ တယ်။
အသတ်ခံရသူကိုငြိမ်းချမ်း၀င်း (အသက်၂၀ကျော်) ရဲ့ အလောင်းကို ဇန်နဝါရီ၂၈ရက် နံနက်ပိုင်းက မန္တလေးမြို့မှာ သဂြိုဟ်ခဲ့ပါတယ်။သူ့ရဲ့ ဆိုင်ကယ်၊ဖုန်းနဲ့ငွေတွေကိုတော့ အကြမ်းဖက်စစ်တပ်က ပြန်မပေးဘူးလို့ သိရပါတယ်။