စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဇီးဖြူကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပျူစောထီးတွေရဲ့ စခန်းကို မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး သေဆုံးသူများပြားနိုင်တယ်လို့ အောင်ဆန်းတပ်ဖွဲ့က ဒီကနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
မနေ့က ဇန်နဝါရီလ ၂၈ရက်နေ့ ည၈နာရီခန့် စစ်အုပ်စုရဲ့ စခန်းကို မဟာမိတ်တပ်ပေါင်းစုက ဒရုန်းယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်အပြီးမှာ မြေပြင်ထိုးစစ်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲဖြစ်ပွားချိန် ၁နာရီခန့် ကြာမြင့်ခဲ့ပြီးနောက် စစ်အုပ်စုက ထိခိုက်သေဆုံးသူတွေ များပြားနိုင်ခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ကတော့ ထိခိုက်သူမရှိဘူးလို့ သိရပါတယ်။
တိုက်ခိုက်မှုကို အောင်ဆန်းတပ်ဖွဲ့၊ ပုလဲ ပကဖ ၊ PRA၊ Chindwin Attack Force၊ သံမဏိတပ်ဖွဲ့၊ ပုလဲပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။