ပြည်သူတွေအပေါ် မတရားအနိုင်ကျင့်နေတဲ့ ပေါင်းတလည်လျှပ်စစ်ရုံး ဗုံးပေါက်ကွဲ

ပြည်သူတွေအပေါ် မတရားအနိုင်ကျင့်နေတဲ့ ပေါင်းတလည်မြို့နယ်လျှပ်စစ်ရုံး ဗုံးနဲ့တိုက်ခိုက်ခံရလို့ ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ပဲခူးတိုင်း၊ ပေါင်းတလည်မြို့နယ်ရှိ မြို့နယ်လျှပ်စစ်ရုံးကို ဇန်နဝါရီ ၂၈ ရက်နေ့ ညနေ ၃ နာရီ ၃၅ မိနစ်ခန့်က ဗိုလ်နိုင်ဦးစီးတဲ့ Mother Son Yangon Force (တပ်ခွဲ-၁) မှ လက်ပစ်ဗုံး ၂ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“အဲဒီမြို့နယ်လျှပ်စစ်ရုံးကို ကျွန်တော်တို့အဖွဲ့ လက်ပစ်ဗုံး ၂ လုံးနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်။ လက်ပစ်ဗုံး၂ လုံး အဲဒီရုံးထဲမှာ ကျရောက်ပေါက်ကွဲသွားတာတော့ တွေ့ရတယ်။ အသေအပျောက်တော့ ကျွန်တော်တို့လည်း မသိရသေးဘူး” လို့ Mother Son Yangon Force (တပ်ခွဲ-၁)ရဲ့ ဦးစီးမှူးဗိုလ်နိုင်က ပြောပါတယ်။
ထိုမစ်ရှင်အောင်မြင်ဖို့ ကိုဆံရှည်၊ ကိုရီးယားရောက် KM(Group)၊ တိုင်းရင်းသားပေါင်းစုံညီညွတ်ရေးအသင်း(ထိုင်း)အဖွဲနဲ့ အလှူရှင်တွေက ပံ့ပိုးကူညီလှူဒါန်းပေးတယ်လို့ ဗိုလ်နိုင်က ပြောပါတယ်။