၂၈၊ဇန်နဝါရီလ၊၂၀၂၂။
နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားတဲ့ ဂန့်ဂေါပြည်သူ ၇၆ဦးထက်မနည်းရှိပြီလို့ ဂန့်ဂေါမြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။
မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်အတွင်း ကျဆုံး၇၆ဦးအနက် ၄၄ဦးမှာ ကျဆုံးသွားတဲ့တပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ ကျ ဆုံးသွားတဲ့တပ်ဖွဲ့ဝင်တွေထဲမှာ မိုင်းစမ်းသပ်စဉ် မိုင်းမတော်တဆ ပေါက်ကွဲမှုကြောင့်ကျဆုံးသွားသူ ၁၁ ဦးထက်မနည်းရှိတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
‘ကျန်တာတွေကတော့ စစ်တပ်က ပစ်သတ်တာအများစုပါ’လို့ ဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးကပြောပါတယ်။
ကျဆုံးပြည်သူ၇၆ဦးအနက် ၁၈နှစ်အောက် ကျဆုံးသူ ၁၄ဦးထက်မနည်းရှိတယ်လို့လည်း သိရပါတယ်။
‘၁၈နှစ်အောက်ကျဆုံးသွားတဲ့ကလေးတွေအကုန်လုံးဟာ အရပ်သားပြည်သူတွေပါ’လို့ သူကဆိုပါတယ်။
မြင်သားရွာအဝင်အကြမ်းဖက်သတ်ဖြတ်ခံရမှုကြောင့် ကျဆုံးပြည်သူ၁၈ ဦးထဲမှာ ဒေသခံပြောက်ကျားရဲဘော် တွေရောအရပ်သားတွေပါ ပါဝင်ပြီးနှမ်းခါးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးပြည်သူ၉ဦးထဲမှာ၇ဦး မှာပြောက်ကျားရဲဘော်တွေဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
ဂန့်ဂေါပြည်သူကျဆုံးမှုအများဆုံးလမှာ စက်တင်ဘာလဖြစ်ပြီး ၂၉ဦးအထိရှိကာ အခုလအတွင်း ဇန်နဝါရီ၂၆ရက် နေ့အထိ ကျဆုံးမှုမှာ ၃ဦးရှိတယ်လို့ သိရပါတယ်။
နယ်မြေလုံခြုံရေးနဲ့ဆက်သွယ်ရေးအခြေအနေတို့ကြောင့် အမှန်တကယ် စုစုပေါင်းကျဆုံးအရေအတွက်ဟာ ၇၆ဦးထက်ပိုများနိုင်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။