အင်းစိန်ထောင် ရွာမ တည်ခိုးဆောင် ဂိတ်ပေါက် ခြံစည်းရိုး ဗုံးပေါက်

၂၈၊ဇန်နဝါရီလ၊၂၀၂၂။

အင်းစိန်ထောင်ရဲ့ ရွာမအရှေ့ရပ်ကွက်ဘက်က တည်းခိုဆောင် ဂိတ်ပေါက် ခြံစည်းရိုးနားမှာ ဒီကနေ့ နေ့လည်ပိုင်းက ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၈ရက် ဒီကနေ့ နေ့လည် ၁၂နာရီကျော်လောက်က ရန်ကုန်၊ အင်းစိန်ထောင်ရဲ့ ဂိတ်ပေါက်တွေထဲက ရွာမတည်းခိုဆောင်ရှိရာ ဂိတ်ပေါက်ဘက် ခြံစည်းရိုးအနီးမှာ ဗုံးပေါက်ကွဲမှု တစ်ခုဖြစ်ခဲ့ပါတယ်။ “ရွာမဘက်မှာပေါက်တာ။ ပေါက်တောဝ ဘက် မဟုတ်ဘူး။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီဖြစ်စဉ်မှာ လူထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပြီး ဗုံးဖောက်ခွဲမှု ကို ဘယ်သူဘယ်ဝါပြုလုပ်တယ်ဆိုတာ မသိရသေးပါဘူး။