ဘုရင့်နောင် အကြမ်းဖက်စစ်ကြောရေး ဒုတိယအကြိမ် ဗုံးခွဲခံရ

၂၈၊ဇန်နဝါရီလ၊၂၀၂၂။

ရန်ကုန်မြို့၊ ဘုရင့်နောင် စစ်ကြောရေးကို တော်လှန်ရေး အင်အားစုတွေက ဒုတိယအကြိမ်မြောက် ဗုံးခွဲတိုက်ခိုက်ခဲ့ပါတယ်။

ဇန်နဝါရီ ၂၇ရက် မနက်ပိုင်းက လှိုင်မြို့နယ်၊ ဘုရင့်နောင်စစ်ကြောရေးစခန်းကို

From Zero to Hero မြို့ပြပြောက်ကျား တပ်ဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်သား တချို့ ထိခိုက်နိုင်တယ်လို့ အဲဒီအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း ပါဆယ်ဗုံးနဲ့ ဘုရင့်နောင် စစ်ကြောရေး အဝင်ဂိတ် တိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက် တပ်သားတစ်ဦး သေဆုံးခဲ့ပါသေးတယ်။

ဘုရင့်နောင်စစ်ကြောရေးဟာ ပြည်သူတွေကို မတရားဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်နေတဲ့ စစ်အုပ်စု ငရဲခန်းတစ်ခုလည်း ဖြစ်ပါတယ်။