နှစ်သစ်ကူးကာလမှာ အပစ်ရပ်ဖို့ ကုလအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်တောင်းဆို

၂၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။

နှစ်သစ်ကူးကာလမှာအပစ်အခတ် ရပ်စဲရေး လုပ်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့အထူးကိုယ်စားလှယ် ဒေါက်တာနိုလင်းဟေဇာကတောင်းဆိုလိုက်ပါတယ်။

ကရင်ပြည်နယ်နဲ့ မြန်မာနိုင်ငံ အနှံ့အပြားမှာအကြမ်းဖက် မှုတွေဆက်လက် ဖြစ်ပွား နေခြင်းကြောင့် အလွန်စိုးရိမ် ပူပန်မိကြောင်းလည်း ဒေါက်တာနိုလင်းဟေဇာက ဒီဇင်ဘာ ၂၇ ရက်နေ့ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ပြည်သူတွေရဲ့အကျိုးစီးပွားအတွက်ငြိမ်းချမ်းတဲ့အဖြေတစ်ခုရှာဖေွဖို့ဆိုတဲ့လုံခြုံရေးကောင်စီရဲ့တိုက်တွန်းချက်ကိုမြန်မာဘက် အသီးသီးတို့က ထိန်းသိမ်း ကျင့်သုံးကြဖို့နဲ့အကြမ်းဖက်မှုရပ်တန့်ရေး အပါအဝင်အာဆီယံ ဘုံ သဘောတူ ညီချက် ၅ ရပ်ကို ဖော်ဆောင်ဖို့သူက တိုက်တွန်းခဲ့ပါတယ်။

ဒေါက်တာနိုလင်းဟေဇာဟာ ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ရာထူးကို လက်ခံပြီးနောက် ဒါဟာပထမဆုံးအကြိမ် တရားဝင် ကြေညာချက် ထုတ်ပြန်ခြင်း ဖြစ်ပါတယ်။

မြန်မာပြည်သူတွေကတော့ ကုလသမဂ္ဂရဲ့ မြန်မာ့အရေးစိုးရိမ်မိကြောင်းနဲ့ ကန့်ကွက်ကြောင်း ထုတ်ပြန်တဲ့ကြေညာချက်တွေကို စိတ်ပျက်နေကြပါတယ်။