စစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတားဆီးပေးရေး နိုင်ငံတကာကို မြန်မာပြည်သူတို့ တောင်းဆို

၂၄၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ပြည်သူတွေရဲ့ အိုးအိမ်တွေကိုလေကြောင်းကနေ တိုက်ခိုက်ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်ကို နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းတားဆီးပေးဖို့ မြန်မာနိုင်ငံသားတွေရဲ့ လူမှု ကွန်ရက်ပေါ်တောင်းဆိုတဲ့ကန်ပိန်းဟာ ဒီကနေ့ကျယ်ပြန့်နေပါတယ်။

အကြမ်းဖက်စစ်အုပ်စုဟာ ဒီဇင်ဘာ၂၃ရက်နေ့ညပိုင်းက ကေအဲန်ယူထိန်းချုပ်နယ်မြေ လေးကေ့ကော်ဘက်ကို လေယာဉ်နဲ့ဗုံး၂လုံးပစ်ချတိုက် ခိုက်ခဲ့ပြီးနောက် အဲဒီလိုတောင်းဆိုတဲ့ ကမ်ပိန်းမြန်မာ၊အင်္ဂလိပ် နှစ်ဘာသာနဲ့ထွက်ပေါ်ခဲ့တာပါ။

‘ကျွန်မတို့တတ်နိုင်တဲ့ဘက်ကနေ မင်းအောင်လှိုင်ရဲ့ အောက်တန်းကျတဲ့လုပ်ရပ်ကို ဆန့်ကျင်တာပါ။ကျွန်မ တို့မြန်မာပြည်သူတွေရဲ့ လုပ်ရပ်ကို နိုင်ငံတကာကသိစေချင်သလို နိုင်ငံတကာအနေနဲ့လည်း ကန့်ကွက်ကြောင်းရှုတ်ချကြောင်း ထုတ်ပြန်နေတာထက် အမှန်တကယ်လက်တွေ့ကျတဲ့ အကူအညီတွေပေး ဖို့ မျှော်လင့်ချက်နဲ့ ဒီကမ်ပိန်းမှာ ပါဝင်တာပါ’လို့ ရန်ကုန်၊လှိုင်မြို့နယ် ၂ရပ်ကွက်အတွင်းရှိ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

အဲဒီကမ်ပိန်းရဲ့ စာသားအပြည့်အစုံမှာ ‘အင်အားအလွန်အကျွံသုံးပြီး လေကြောင်းမှ အရပ်ဖက်ပြည်သူ များအိုးအိမ်ကို ဖျက်ဆီးတိုက်ခိုက်နေသောအကြမ်းဖက်စစ်ကောင်စီအား ကုလမှဦးဆောင်ပြီး နိုင်ငံတကာမှဝိုင်းဝန်း၍ လေကြောင်းဖြင့်တိုက်ခိုက်နေမှုကိုတား ဆီးပေးပါရန်မြန်မာနိုင်ငံသားတစ်ယောက် အနေဖြင့်တောင်းဆိုပါတယ်’လို့ အင်္ဂလိပ်ဘာသာနဲ့လည်း ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်း၊ဒလမြို့နယ်နေ တက်ကြွလှုပ်ရှားလူငယ်တစ်ဦးကလည်း ‘မြန်မာပြည်သူတွေရဲ့မျှော်လင့်ချက် တွေကို နိုင်ငံတကာအသိုင်းအဝိုင်းက သိစေချင်တယ်။ပြည်သူတွေကို သတ်ချင်သလိုသတ်နေတဲ့ စစ်တပ်ကို ကုလသမဂ္ဂအနေနဲ့ထိရောက်တဲ့အရေးယူမှုတွေ လုပ်သင့်ပြီလို့လည်းယုံကြည်ပါတယ်။အဲဒီယုံကြည်စိတ်နဲ့ အ ခုလို ပါဝင်တာပါ’လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ကရင်ပြည်နယ်အတွင်းရှိ ကေအဲန်ယူထိန်းချုပ်နယ်မြေ၊လေးကေ့ကော်ကို လေကြောင်းပျံသန်းမှုကင်းမဲ့ဇုန်အဖြစ် ကြေညာပေးဖို့ ကေအဲန်ယူက ကုလသမဂ္ဂကိုတောင်းဆိုခဲ့ပါတယ်။