၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။
မုံရွာအောင်ရှင်ဆုံးပြီတဲ့။မနက်ခင်းမိုးလင်းရုံရှိသေး၊အလင်းလိုမြန်တဲ့ ဖေ့စ်ဘွတ်ခ်တခွင် ကြားရတဲ့သ တင်းက အဲဒီလို။မုံရွာအောင်ရှင်ရဲ့ စတင်ရာအရပ်က ကဗျာဆရာ။ ပြီးတော့NLDရဲ့ အစကနေ သေတဲ့အထိ ခိုင်မာခဲ့တဲ့ NLD။ဖ အာဏာသိမ်းတဲ့မနက်မှာပဲ NLD ဗဟိုပြန်ကြားရေးကော်မတီအတွင်းရေးမှူးဖြစ်တဲ့ မုံရွာ အောင်ရှင်ဟာလည်း ဖမ်းဆီးခံရ၊အောက်တိုဘာ၁၈ ကမှ စစ်ကြောရေးစခန်းကနေ လွတ်ရုံရှိသေး နှလုံးရော ဂါနဲ့ကွယ်လွန်သွားခဲ့တယ်တဲ့။
ပြီးတော့ နိုဝင်ဘာ၂၇ရက်နေ့ညနေပိုင်းက စစ်ကိုင်းတိုင်း၊ဒီပဲရင်းမြို့နယ်ထဲမှာ ရဟတ်ယာဉ်တွေနဲ့ လေကြောင်းပစ်ကူနေတာမို့ ပြည်သူကိုပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ သတိပေးသံကိုလည်း ကြားရရဲ့။လေ ကြောင်းပစ်ကူကို နောက်တစ်မျိုးဖွင့်ဆိုရရင် မီးကျိုးမောင်းပျက်သေနတ်တွေနဲ့ ရရာလက်နက်စွဲကိုင်ကာ တိုက်ပွဲဝင်နေတဲ့ပြည်သူတွေကို မြေပြင်တိုက်ပွဲမှာမင်းအောင်လှိုင်တပ်တွေ မယှဉ်နိုင်တော့တဲ့သဘောပါပဲ။
မနိုင်တော့လည်းနိုင်မယ်ထင်ရာ အကုန်လျှောက်လုပ်ကြတာပါပဲ။စည်းမဲ့ကမ်းမဲ့ ပြည်သူဒုက္ခရောက် ရင်ပြီးရင်ဆိုတော့လည်း ထန်တလန်မြို့ကို ၂၇ရက်နေ့ညပိုင်းကထပ်မီးရှို့၊အခု၂၈ရက်နေ့မွန်းလွဲပိုင်းမှာလည်း နောက်တစ်ကြိမ်၊အနည်းဆုံးအိမ်၄၀ဝန်းကျင် မီးထပ်လောင်ခဲ့ပြန်သတဲ့။
အဲဒီလို အောက်တန်းအကျဆုံးနည်းလမ်းတွေနဲ့ ပြည်သူကိုဒုက္ခမျိုးစုံပေးနေတာကြောင့် နိုင်ငံတကာ ရဲ့ ကန့်ကွက်သံတွေ တောက်လျှောက်ဆိုသလို ဆူညံခဲ့တယ်။ဒါပေမဲ့ အကြမ်းဖက်စစ်အုပ်စုဆိုတာ အရှက်သိ က္ခာကင်းမဲ့ခဲ့လေတော့ ဘယ်သူဘာပြောပြော မြန်မာပြည်သူ ဆန့်ကျင်သူမှန်သမျှကို ပြတ်ပြတ်သားသားနှိမ် နင်းမယ်ဆိုတာမျိုး။ဒါပေမဲ့ တစ်နိုင်ငံလုံးအနှံ့ ခုခံတော်လှန်စစ်ဆင်နွှဲနေသူတွေကို ထိထိရောက်ရောက်ဖြိုခွင်း နိုင်တာမျိုးမတွေ့ရဘူးလို့ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်အခြေစိုက် နိုင်ငံတကာ ပဋိပက္ခတွေကို လေ့လာ စောင့်ကြည့်တဲ့ International Crisis Group (ICG)က ဆိုပါတယ်။ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုရဲ့ မြန်မာဆိုင်ရာ ညွှန်ကြားရေးမှူး Jason Tower က လည်း ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းလာ တဲ့လူတွေ ပိုများလာသလို ဆက်လက် တွန်းလှန်နေကြတာဟာ သိပ်ကို ထင်သာမြင်သာဖြစ်ပြီး ဒီအခြေအ နေက လျော့ပါးသွားတာလည်း မတွေ့ရဘူးလို့ ပြောပါတယ်။
ဒီပဲရင်းမြို့နယ်မှာတော့ ဒေသခံပြောက်ကျားတွေကို မနိုင်လို့ ရွာတွေထဲကိုဝင်၊ပြည်သူပိုင်ပစ္စည်းတွေ လုယက်၊မသယ်နိုင်တာကို ဖျက်ဆီး၊ ပြီးတော့နေအိမ်တွေကို မီးရှို့နေတယ်လို့ နိုဝင်ဘာ၂၉ရက်နေ့မှာ ကြားရ။ ဒေသခံပြည်သူတွေ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ဒီနွေဦးတော်လှန်ရေးမှာ ပေးဆပ်ရတာတွေက သိပ်များကြတယ်။အသက်ပေးရသူက ၁၃၀၀ကျော်။ ထောင်ထဲရောက်၊တောထဲရောက်၊ဘဝတွေပျောက်သူကပျောက်။အားလုံးဟာကိုယ့်အထွာနဲ့ကိုယ် ပေးဆပ်ကြ တာချည်း။တော်လှန်ရေးဆိုတာငွေရှိမှ ဖြစ်မယ်ဆိုတော့လည်း ငွေတတ်နိုင်တဲ့ပြည်သူကငွေပေါ့။
NUGအစိုးရက တော်လှန်ရေးအတွက် ပြည်သူဆီကနေ အတိုးမဲ့ငွေချေးတဲ့ ငွေတိုက်စာချုပ်က မင်း အောင်လှိုင်ကို တနုံ့နုံ့နာကျင်နေအောင် လုပ်နေသလိုမျိုး။အချိန်တိုအတွင်းငွေတိုက်စာချုပ်ဝယ်ယူတာများပြား လွန်းနေလို့ ငွေတိုက်စာချုပ်အရောင်းအဝယ်လုပ်ငန်းစဉ်တွေလုပ်ရတာမနိုင်တော့လို့ ရောင်းချတာကို တစ် ပတ်တာရပ်နားပါရစေတဲ့။နိုဝင်ဘာ၃၀မှာ NUGသက်ဆိုင်ရာဝန်ကြီးဌာနကကြေညာလိုက်ရတယ်။
အောင်ဘာလေထီ ငုတ်တုတ်မေ့သွားတာနဲ့ ဆုကြေးငွေအနည်းငယ်သာပေးနိုင်တဲ့နွေဦးထီရောင်းမ လောက်ဖြစ်တာ ကြည့်ရုံနဲ့ ပြည်သူရဲ့ရပ်တည်မှုကို မင်းအောင်လှိုင်တို့တစ်သိုက် အလွယ်တကူသိရှိကြပေမဲ့ အာဏာနဲ့သိုက်တူးခြင်းအရသာကို ကောင်းကောင်းသိနေတဲ့ မင်းအောင်လှိုင်က တိုင်းပြည်ကိုဘယ်ကြည့်ပါ့ မလဲ။နိုဝင်ဘာ၃၀ရက်နေ့ NUGအစိုးရ ပုံမှန်အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အကြမ်းဖက်စစ်အုပ်စုဟာ လမ်းဆုံးအထိမိုက်မဲစွာသွားနေပြီလို့ ကောက်ချက်ချတယ်။စစ်အုပ်စုရဲ့မိုက်မဲမှုဟာ သူတို့အာဏာရရှိရေးအတွက် တစ်တိုင်းပြည်လုံးကိုချနင်းပြီးမိုက်တဲ့မိုက်မဲမှု။
ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်(UNDP)က ၂၀၂၂ခုနှစ်အတွင်း မြန်မာနိုင်ငံစုစုပေါင်းလူဦးရေရဲ့ ထက် ဝက်နီးပါးလောက်ဟာ ဆင်းရဲမွဲတေမှုပြဿနာကို ရင်ဆိုင်ရနိုင်တယ်တဲ့။ စီးပွားရေးကျဆင်းမှုဟာ အရင်၅နှစ် နဲ့နှိုင်းယှဉ်ရင် ၂ဆတိုးလာနိုင်တယ်တဲ့။‘မြန်မာလူဦးရေထက်ဝက်နီးပါးလောက်ရဲ့ တစ်နေ့ဝင်ငွေဟာ အမေရိ ကန်တစ်ဒေါ်လာအောက် ကျဆင်းနိုင် တယ်တဲ့။ဒီဇင်ဘာ၁ရက်နေ့သတင်းကအဲသလို။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်သူတွေရဲ့စိတ်က ပြတ်ပြီးသား၊ရှင်းပြီးသား။ငတ်ရင်လည်းငတ် နွေဦး တော်လှန်ရေးကို ရပ် မှာလည်းမဟုတ်၊အပြတ်သားဆုံးလမ်းက မြန်မာမြေပေါ် စစ်အာဏာရှင်စနစ်ကို အပြီး တိုင် မြေမြှုပ်ပစ်နိုင်ရေး။
ဒီဇင်ဘာ၂ရက်နေ့၊ကုလစိစစ်ရေးကော်မတီက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ကုလသမဂ္ဂကိုယ်စားပြု နေရာမှာ မင်းအောင်လှိုင်တင်တဲ့သူကို လက်မခံဘဲ လက်ရှိ မြန်မာပြည်သူတို့ရဲ့ သံအမတ်ကြီး ဦးကျော်မိုး ထွန်းသာ ဆက်လက်ရှိစေလို့ ဆုံးဖြတ်ချက်က တော်လှန် ပြည်သူမြန်မာတွေအ တွက် ရေကြည်တစ် ပေါက် ပါပဲ။
ပြီးတော့၊ဒီဇင်ဘာ၂ရက်နေ့မှာပဲ Beauty for Chin State လူမှုကွန်ရက်စာမျက်နှာ ပေါ်ဖော်ပြချက်၊ စစ်ကိုင်းတိုင်းဟာ မြန်မာတစ်ပြည်လုံးမှာ လွတ်မြောက်နယ်မြေဖြစ်ဖို့ အနီးစပ်ဆုံး တိုင်းဒေသဖြစ်လာနေပြီ ဆိုတဲ့သတင်းကလည်း မြေပြင်အခြေအနေကိုထင်ဟပ်နေတာမို့ ပြည်သူတွေအားတက်ကြတယ်။
အဲဒီသတင်းကိုဖတ်ပြီး နောက်တစ်ရက် ကျွန်တော်တို့ပြည်သူတွေ ဆက်ဖတ်ရတာက မြန်မာအကြမ်း ဖက်စစ်တပ်ကို ဆက်လက်ဖိအားပေးဖို့ နည်းလမ်းမျိုးစုံ အသင့်ရှိနေတယ် လို့ အမေရိကန်နိုင်ငံရဲ့ အရှေ့အာရှ နှင့် ပစိဖိတ် ရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဒန်နီယယ် ကရစ်တင် ဘရင့် ရဲ့ စင်ကာပူသတင်း စာရှင်းလင်းပွဲမှာ ပြောကြားချက်ပါ။ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး သုံးနှုန်းခဲ့တဲ့စ ကား တွေထဲ All options are on the table ဆိုတဲ့စကားဟာ လိုအပ်ရင် စစ်ရေးအရ အရေးယူမှု ပါဝင်လာနိုင် တယ်လို့ဆိုတဲ့ သံတမန်အသုံးအနှုန်းဖြစ်ကြောင်း နိုင်ငံရေးအကဲခတ်တချို့ကဆိုပါတယ် ။
အဲဒီနေ့မှာပဲ ကျွန်တော်တို့ဆက်ဖတ်ရတာ လှိုင်သာယာမှာ ကျူးကျော်တွေကို အဓမ္မရွှေ့ပြောင်းနေ တဲ့ စစ်အုပ်စုရဲ့လုပ်ရပ်ကို ကုလက လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်ကြောင်းပြောကြားလိုက်တာပါ။
ကျူးကျော် စုစုပေါင်းသိန်းနဲ့ချီတဲ့လူတွေဟာ နေစရာမပေး၊တစ်ပြားတစ်ချပ်မှမပေးဘဲ မောင်းထုတ်ခြင်းဟာလူမဆန်လွန်း လှပေမဲ့ စစ်အုပ်စုဟာ ဘယ်တုန်းကရော လူဆန်ခဲ့လို့လဲလို့ မေးရင်လည်းဖြေစရာမရှိပါဘူး။
ဒီအပတ်အတွက် နောက်ဆုံးရက်အိတ်နဲ့လွယ်ဆိုသလို ပြည်သူကို စိတ်ဓာတ်တက်ကြွစေတဲ့ နောက် သတင်းတစ်ပုဒ်က ဒီဇင်ဘာ၄ရက်နေ့မနက် ၊စစ်ကိုင်းတိုင်း၊မြောင်မြို့နယ်ကို ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံ ရေးအဖွဲ့(CDSOM)ကစတင်ထိန်းချုပ် လိုက်ပြီဖြစ်ကြောင်းCDSOM ရဲ့ ကြေညာချက်ပါပဲ။ မြောင်မြို့နယ်အ တွင်း မြိုအဝင်၊အထွက် ဂိတ်တွေထားရှိပြီး CDSOM ကဦးဆောင်ကာစစ်ဆေးသွားမယ်လို့လည်းကြေညာသလို စစ်အုပ်စုပိုင်သဘေ်ာနှစ်စင်းကိုလည်း ထိန်းချုပ်ထားလိုက်ပြီဖြစ်ကြောင်းကြေညာထားပါတယ်။
CDSOMရဲ့ကြေညာချက်အရ မြောင်မြို့နယ်ဟာ နွေဦးတော်လှန်ရေးရဲ့ ပထမဆုံးလွတ်မြောက်နယ် မြေလားလို့ မေးခွန်းထုတ်ကြသူလည်းများပါတယ်။သေချာတာက မြောင်မြို့နယ်ရဲ့ အရေးပါတဲ့ဧရိယာတွေကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားနိုင်ပုံပါပဲ။ဒါပေမဲ့၊ရေရှည်ထိန်းချုပ်နိုင်စွမ်းရှိ၊မရှိ စောင့်ကြည့်ရပါ ဦးမယ်။
ဒီတပတ်ရဲ့သတင်းတွေကို အနှစ်ချုပ်ရမယ်ဆိုရင် မင်းအောင်လှိုင်ရဲ့ ဆက်လက်မိုက်တွင်းနက်နေတာ ခိုင်မာသလို ပြည်သူတို့ရဲ့ နွေဦးတော်လှန်ရေးအောင်ကိုအောင်ရမယ်ဆိုတဲ့ အောင်စိတ်ဆိုတာလည်း တလူလူ လွင့်လာနေပါတယ်။