သထုံမှာ အကြမ်းဖက်ကင်းလှည့်ယာဉ်မိုင်းဆွဲခံရမှု ကေတီဗီဆိုင်ဝန်ထမ်း၁၅ဦးကို ဖမ်းဆီး

၄၊ ဒီဇင်ဘာလ၊ ၂၀၂၁။

မွန်ပြည်နယ်၊သထုံမြို့လယ်ခေါင်မှာ အကြမ်းဖက်စစ်တပ်ကင်းလှည့်ယာဉ် တိုက်ခိုက်ခံရမှုနဲ့ပ တ်သက်ပြီး Sunday ကေတီဗီဆိုင် မန်နေဂျာအပါအဝင် ၁၅ဦးကို ဖမ်းဆီးထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီဇင်ဘာ၂ရက်နေ့ညက အကြမ်းဖက်စစ်တပ်ကင်းလှည့်ယာဉ်ဟာ သထုံမြို့နယ်၊မြေနီကုန်းရွာ အပိုင်မှာ ဖွင့်လှစ်ထားတဲ့ Sunday ကေတီဗီဆိုင်မှာ သောက်စားမူးယစ်ပြီးအပြန်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့အ တွက် Sunday ကေတီဗီဆိုင် မန်နေဂျာနဲ့ စားပွဲထိုးတွေကို ဖမ်းဆီးစစ်ဆေးတာလို့ ဆိုပါတယ်။

‘ကျွန်တော်တို့သိရသလောက် မွန် သထုံအထူးကာကွယ်ရေးတပ်ဖွဲ့က စစ်ခွေးတွေသွားလာနေတာကို စောင့်ကြည့်နေတာပါ။အဲဒါကို သူတို့တိုက်ခိုက်ခံရတော့ ကေတီဗီဆိုင်ကို ရန်ရှာတာ။’လို့ သထုံမြို့နေ တက်ကြွ လှုပ်ရှားသူတစ်ဦးကပြောပါတယ်။

ဒီဇင်ဘာ၂ရက်နေ့ည ၁၁နာရီခွဲအချိန် သထုံမြို့လယ်ခေါင် ရွှေစာရံဘုရားနားက ပဋိကတ်သုံးပုံအ ဝိုင်းနားမှာ ကင်းလှည့်စစ်ရေယာဉ်တစ်စီး ကို သထုံအထူး ကာကွယ်ရေ းတပ်ဖွဲ့(MTHSF)က မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

သထုံမြို့၊ဘင်လှိုင်ရပ်ကွက်နေပြည်သူတစ်ဦးက ‘တာဝန်ထမ်းဆောင်ရင်း ကေတီဗီဝင်တယ်ဆိုလည်း အပြစ်ရှိ တယ်။တာဝန်ချိန်ပြင်ပမှာ ကေတီဗီဆိုင်သွားတယ်ဆိုလည်း ညမထွက်ရအချိန်မှာ တာဝန်မရှိတဲ့ ဘယ်သူမဆို အပြင်ထွက်လို့မရတဲ့အတွက် အပြစ်ရှိပါတယ်။ပြီးတော့ အဲဒီ ကေတီဗီဆိုင်မှာ တစ်ပြားမှမပေးဘဲ သောက်စား ပျော်ပါး ခဲ့တယ်လို့ သထုံပြည်သူ တော်တော်များများ ပြောကြပါတယ်။သူတို့ဝင် ငွေကလည်းကေတီဗီ ဆိုင်နား မကပ်နိုင်ပါဘူး။ အလကား သောက်စားပျော်ပါးပြီး မိုင်းဆွဲခံရမှ ဖမ်းတာ လူလိုသိတဲ့လူဆို မလုပ်ကြဘူး’လို့ သူကပြောပါ တယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်သား၂ဦးဒဏ်ရာရခဲ့ပြီး တစ်ဦးဒဏ်ရာ ပြင်းထန်တယ်လို့သိရပါ တယ်။