ပြင်သစ်ကုမ္ပဏီ  မြန်မာအကြမ်းဖက်စစ်တပ်ကို သွယ်ဝိုက်ထောက်ပံ့နေလို့ အရေးယူပေးဖို့ တောင်းဆို

၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။

ပြင်သစ်နည်းပညာကုမ္ပဏီ Thales ဟာ မြန်မာအကြမ်းဖက်စစ်တပ်ကို သွယ်ဝိုက်တဲ့နည်းနဲ့ ထောက်ပံ့နေတာ ကြောင့်အရေးယူပေးဖို့ တောင်းဆိုလိုက်ကြောင်း ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF)က ထုတ်ပြန်လိုက်ပါတယ်။

Thales ကုမ္ပဏီရဲ့စီးပွားဘက် အိန္ဒိယနိုင်ငံက Bharat လျှပ်စစ်ကုမ္ပဏီဟာ မြန်မာစစ်တပ်နဲ့ ဆက်ဆံရေး နီးနီးကပ်ကပ် ရှိနေပြီး စစ်ရေးဆိုင်ရာ နည်းပညာတွေကို တင်ပို့နေ တယ်လို့ဆိုပါတယ်။

ဒါ့ကြောင့် ပြင်သစ်ကုမ္ပဏီရဲ့နည်းပညာတွေ မြန်မာစစ်တပ်ဆီကို မရောက်အောင် ရပ်တန့်ပေးဖို့၊Bharat ကုမ္ပဏီနဲ့လည်း အဆက်အသွယ် ဖြတ်ဖို့ နဲ့ အဲဒီလုပ်ရပ်ကိုပြစ်တင်ရှုတ်ချတယ်လို့ လည်း RSF အဖွဲ့နဲ့အတူ Info Birmanie ၊ Justice For Myanmarနဲ့ Sherpa အဖွဲ့တို့က တောင်းဆိုတယ်လို့ သိရပါတယ်။

အဲဒီလုပ်ရပ်ဟာ  ဥရောပသမဂ္ဂက မြန်မာအကြမ်းဖက်စစ်တပ်ကို တင်းကျပ်စွာအရေးယူထားတာတွေကိုလည်း ချိုးဖောက်နေကြောင်း

မြန်မာအကြမ်းဖက်စစ်တပ်ကို ဥရောပသမဂ္ဂက လက်နက်ရောင်းချမှု ကန့်သတ်ပိတ်ဆို့ထားတဲ့အတွက် ပြင်သစ်အာဏာပိုင်တွေအနေနဲ့ Thales ကုမ္ပဏီကို လိုအပ်တဲ့အရေးယူမှုတွေ လုပ်ဆောင်ပေးဖို့ တိုက်တွန်းလိုက်ကြောင်း သိရပါတယ်။