၂၀၂၂ခုနှစ်မှာ မြန်မာလူဦးရေရဲ့ ထက်ဝက်နီးပါး ဆင်းရဲမွဲတေပြဿနာကို ရင်ဆိုင်ရနိုင်

၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။

၂၀၂၂ခုနှစ်အတွင်း မြန်မာနိုင်ငံစုစုပေါင်းလူဦးရေရဲ့ ထက်ဝက်နီးပါးလောက်ဟာ ဆင်းရဲမွဲတေမှုပြဿနာကို ရင်ဆိုင်ရနိုင်တယ်လို့ UNDP(ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်)က ဒီကနေ့ထုတ်ပြန်ပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စီးပွားရေးကျဆင်းမှု ဟာ လွန်ခဲ့တဲ့ ၅နှစ်နဲ့နှိုင်းယှဉ်ရင် ၂ဆတိုးလာနိုင်တယ်လို့ လည်း ဆိုပါတယ်။

‘မြန်မာလူဦးရေထက်ဝက်နီးပါးလောက်ရဲ့ တစ်နေ့ဝင်ငွေဟာ အမေရိကန်တစ်ဒေါ်လာအောက် ကျဆင်းနိုင် တယ်’လို့ UNDP ရဲ့ အာရှနဲ့ပစိဖိတ်ဆိုင်ရာ ညွှန်ကြားရေးမှူး Kanni Wignaraja ကပြောပါတယ်။

အထည်အလိပ်လုပ်ငန်း၊ခရီးသွားလုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံရေး မတည်ငြိမ်မှုရဲ့ ရိုက်ခတ်မှုဒဏ်ကြောင့် ထိခိုက်လာမယ်လို့လည်း UNDP ကထုတ်ပြန်ပါတယ်။

ရန်ကုန်မြို့မှာ စားသောက်ကုန်လုပ်ငန်းကလွဲလို့ ကျန်လုပ်ငန်းစုစုပေါင်းရဲ့ ရာခိုင်နှုန်း၈၀လောက်ဟာ လုံးဝ ရပ်နေပြီလို့မြင်ကြောင်း ရန်ကုန်အခြေစိုက်ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။

‘ကျွန်တော်တို့ဆောက်လုပ်ရေးကတော့ အာဏာသိမ်းပြီးကတည်းက ပွဲပြီးသလိုဖြစ်သွားတာပါ။အောက်တို ဘာတုန်းက ဒေါ်လာဈေးထောင်တက်တာနဲ့ငွေဈေးမငြိမ်တဲ့ဒဏ်ကို လုပ်ငန်းရှင်တွေအပြင်းအထန်ခံစားခဲ့ရ တယ်။လုပ်ငန်းတွေမကောင်းတဲ့အပြင် ပြန်ရုပ်သွားတဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံတွေကြောင့်လည်း အလုပ်လက်မဲ့ တွေဒင်းကြမ်းပြည့်များလာတယ်။အခုဘဏ်တွေဆိုတာကလည်း ကိုယ့်ငွေကိုယ် လွတ်လွတ်လပ်လပ် ပြန်ထုတ်လို့မရသေးတာ ပုံမှန်အခြေအနေမဟုတ်ဘူးဆိုတာကို ဖော်ပြနေတာ’လို့ သူကပြောပါတယ်။

၂၀၂၁ခုနှစ်အတွင်း ပြည်တွင်းကုန်ထုတ်လုပ်မှု ၁၈ဒဿမ၄ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ အာရှဖွံ့ဖြိုးရေး ဘဏ်ရဲ့ စက်တင်ဘာထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။