၃၀၊ နိုဝင်ဘာလ၊ ၂၀၂၁။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်နဲ့ ဝန်းရံပြည်သူ၅၀ကျော်တို့ရဲ့နေအိမ်တွေကို အကြမ်းဖက်စစ်အုပ်စု က ချိတ်ပိတ်ထားတယ်လို့ သိရပါတယ်။
နေအိမ်ချိတ်ပိတ်ခံရသူ စုစုပေါင်း၅၃ဦးရှိပြီး အဲဒီ စာရင်းဟာ အာဏာသိမ်းတဲ့အချိန်ကစလို့ နိုဝင်ဘာ၂၆ရက်နေ့အထိ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ရရှိထားတဲ့စာရင်းဖြစ်တာကြောင့် အဲဒီအရေအတွက်ထက်ပိုများနိုင်တယ်လို့သိရပါတယ်။
အဲဒီ၅၃ဦးထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်အမတ်တွေရဲ့အိမ်အများဆုံးဖြစ်ပြီး ပါတီဝင်နဲ့ ပါတီ ဝန်း ရံသူတွေနဲ့ အိမ်တွေလည်းပါဝင်ပါတယ်။
ချိတ်ပိတ်ခံထားရတဲ့အိမ်တွေထဲမှာ မကွေးတိုင်းထဲကအများဆုံးဖြစ်ပြီး လွှတ်တော်အမတ်၁၁ဦးနဲ့ ပါတီဝင်၅ဦး တို့အိမ်တွေပါဝင်ပါတယ်။ဒုတိယအများဆုံးမှာ စစ်ကိုင်းတိုင်းဖြစ်ပြီး လွှတ်တော်အမတ် ၉ဦးနဲ့ပါတီဝင်၁ဦးတို့ရဲ့ အိမ်တွေဖြစ်ပါတယ်။
ချိတ်ပိတ်ခံရတဲ့အိမ်တွေထဲမှာ ရန်ကုန်၊တောင်ဥက္ကလာပမြို့နယ်၊၁၄/၃ရပ်ကွက်က NLD အစိုးရလက်ထက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးရဲ့ အိမ်နဲ့ ဧရာဝတီတိုင်း၊ကျုံပျော်မြို့နယ်က ဧရာဝတီတိုင်းဝန် ကြီးချုပ်ဟောင်းမန်းဂျော်နီရဲ့ အိမ်လည်းပါဝင်ပါတယ်။
ဒေါက်တာဝင်းမြတ်အေးအိမ်ကပစ္စည်းတွေကို အကြမ်းဖက်စစ်တပ်က သယ်ယူသွားခဲ့ပြီး မန်းဂျော်နီအိမ်မှာ နေနေတဲ့ မိသားစုဝင်တွေကို နေအိမ်ကနေ ဖယ်ရှားခိုင်းခဲ့ပါတယ်။
‘အိမ်ကိုချိတ်မပိတ်ခင်မှာ အိမ်ထဲက ပစ္စည်းတွေကို လုယူသွားတယ်။အိမ်ကိုရိုက်ဖျက်တယ်။အဲဒီလိုပြည်သူပိုင် ပစ္စည်း လုယက်ဖျက်ဆီးတာကို တရားဝင်လိုင်စင်ရလို စစ်တပ်ကလုပ်ဆောင်နေတယ်’လို့ ရန်ကုန်တောင်ပိုင်း ခရိုင်အတွင်းရှိ NLD ပါတီဝင်တစ်ဦးကပြောပါတယ်။
အဲဒီလိုအိမ်ချိတ်ပိတ်တာတွေကို တရားရုံးက တစ်စ်တစ်ရာ စီရင်ချက်ချတာမျိုးမရှိသေးခင် ပြုလုပ်နေခြင်းဖြစ် ပါတယ်။
ပုံဟောင်းကိုအသုံးပြုထားပါတယ်။