ရွှေကူခရိုင် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရွှေတူးဖော်တာမလုပ်ဖို့ KIO သတိပေး

၃၀၊ နိုဝင်ဘာလ၊ ၂၀၂၁။

ကချင်ပြည်နယ် KIO ရွှေကူခရိုင် အုပ်ချုပ်နယ်မြေအတွင်း ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ ရွှေတူးဖော်မှုတွေ မလုပ်ဆောင်ဖို့ KIO ရွှေကူခရိုင်အုပ်ချုပ်ရေးအဖွဲ့က သတိပေးတားမြစ်လိုက်ပါတယ်။

ရွှေဖောင်လုပ်ငန်းတွေဟာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ ဘာသာ သာသနာနယ်မြေတွေ ဘာသာရေးအဆောက်အအုံတွေ ပျက်ယွင်းစေတာ၊ ပြည်သူတွေရဲ့ ထွန်ယက်စိုက်ပျိုးမြေနဲ့ ကျေးရွာတွေ ပျက်စီးစေတာ၊ ဧရာဝတီမြစ် သဘာဝပတ်ဝန်းကျင် ညစ်နွမ်းစေတာတွေကြောင့် အခုလိုတားမြစ်လိုက်တာလို့ သိရပါတယ်။

တားမြစ်ချက်တွေကို မလိုက်နာပါက အရေးယူဆောင်ရွက်မှုလုပ်ငန်းတွေကိုပါ လုပ်ဆောင်သွားမယ်လို့ KIO ရွှေကူခရိုင်အုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။

ရွှေကူခရိုင်အတွင်း ဧရာဝတီမြစ်ကြောင်းတလျှောက်မှာ ရွှေတူးဖော်မှုတွေကို ပြည်သူ့အစိုးရလက်ထက်က တားမြစ်ခဲ့ပေမဲ့ အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူပြီးနောက်ပိုင်းမှာ ပြန်လည်လုပ်ကိုင်နေကြတာပဲဖြစ်ပါတယ်။