အီရန်၊ အာဇာဘိုင်ဂျန်နဲ့ တာ့ခ်မင်နစ္စတန် သုံးနိုင်ငံပေါင်း ဓာတ်ငွေ့လဲလှယ်ရေး သဘောတူညီချက် လက်မှတ်ရေးထိုး

၂၉၊ နိုဝင်ဘာလ၊ ၂၀၂၁။

အီရန်၊ အာဇာဘိုင်ဂျန်နဲ့ တာ့ခ်မင်နစ္စတန် နိုင်ငံသုံးနိုင်ငံဟာ ဓာတ်ငွေ့လဲလှယ်ရေး သဘောတူညီချက်ကို အောက်တိုဘာ ၂၈ ရက်နေ့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

သုံးနိုင်ငံပေါင်း သဘောတူညီချက်အရ အီရန်ဟာ တာ့ခ်မင်နစ္စတန်နိုင်ငံကနေ ဓာတ်ငွေ့တွေရရှိသွားမှာဖြစ်ပြီး အဇာဘိုင်ဂျန်နိုင်ငံကို အညီအမျှ ခွဲဝေ ပေးပို့သွားရမှာဖြစ်ပါတယ်။

နိုင်ငံသုံးနိုင်ငံစလုံးဟာ တစ်နှစ်ကို ၂ ဘီလီယံ ကုဗမီတာ လဲလှယ်ရေး သဘောတူညီချက်နဲ့ သဘောတူညီနိုင်ခဲ့ကြတာပါ။

လက်မှတ်ရေးထိုးမှုကိုတော့ တာ့ခ်မင်နစ္စတန်မြို့တော် အက်ရှ်ဂဘက်မှာ ပြုလုပ်တဲ့ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (ECO) ထိပ်သီးအစည်းအဝေးမှာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး သုံးနိုင်ငံက နိုင်ငံ့အကြီးအကဲတွေ သဘောတူညီမှု ပြုလုပ်နိုင်ခဲ့ကြတာပါ။

အခု သဘောတူညီချက်ဟာ ဆောင်းရာသီမဝင်ခင်မှာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ အသိပေးထားပါတယ်။

အီရန်နိုင်ငံရဲ့ တောင်ပိုင်းဒေသတွေမှာ သဘာဝ ဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းတွေ အများအပြားရှိပေမယ့် နိုင်ငံလိုအပ်ချက်အရ ၁၉၉၀ ခုနှစ်နှောင်းပိုင်းကတည်းက တာ့ခ်မင်နစ္စတန်က‌နေ သဘာဝဓာတ်ငွေ့တွေ တင်သွင်းနေခဲ့ရတာပါ။