မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်သွားဖို့ အာရှ-ဥရောပ နိုင်ငံ၅၀ကျော်တောင်းဆို

၂၉၊ နိုဝင်ဘာလ၊ ၂၀၂၁။

အာရှနဲ့ဥရောပနိုင်ငံပေါင်း၅၀ကျော်က မြန်မာနိုင်ငံဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ တောင်းဆိုလိုက်ပါတယ်။

ကမ္ဘောဒီးယားကအိမ်ရှင်အဖြစ်အွန်လိုင်းကနေ ကျင်းပတဲ့ ၁၃ကြိမ်မြောက်အာရှ-ဥရောပအစည်းအ ဝေး(ASEM)အပြီး ထုတ်ပြန်ချက်မှာ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးဆီပြန်သွားရေး၊ မတရားဖမ်းဆီး ထိန်းသိမ်းခံအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးနဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို လက်ခံရေး စတဲ့အချက်တွေကို တောင်းဆိုပါတယ်။

ဒါ့အပြင် အာရှနဲ့ဥရောပ ၅၃နိုင်ငံကခေါင်းဆောင်တွေဟာ မြန်မာနိုင်ငံရဲ့အခြေအနေကို အလွန်စိုးရိမ်ကြောင်း နဲ့ ပဋိပက္ခလျော့ကျရေးအတွက် အာဆီယံရဲ့ ကြိုးပမ်းမှုကို ခိုင်ခိုင်မာမာ ထောက်ခံမယ်လို့ ထပ်လောင်း အတည်ပြုခဲ့ကြကြောင်းASEM အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပူးတွဲကြေညာချက်မှာဖော်ပြပါတယ်။

အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်ဟာ အာဆီယံထိပ်သီးအစည်းအဝေး၊တရုတ်-အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ အာရှ-ဥရောပထိပ်သီးအစည်းအဝေးကိုပါ တက်ရောက်ခွင့်မရပါဘူး။

အာရှ-ဥရောပထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ၂၅ရက်ကစပြီး၂ရက်ကြာကျင်းပခဲ့ပါတယ်။