၂၈၊ နိုဝင်ဘာလ ၊ ၂၀၂၁။
မွန်ပြည်နယ်တင်မက တခြားအရပ်တွေကပါ နှစ်စဉ်လာရောက်ဖူးမြှော်လေ့ရှိတဲ့ဘုရားဖြစ်တယ်။သံ ဖြူဇရပ်မြို့နယ်၊ကျိုက်နဲရေလယ်ဘုရား။ပင်လယ်ထဲမှာတည်ရှိပြီး ရေကျချိန်မှာ ပေါ်လာတဲ့ နတ်လမ်းလို့ ခေါ် တဲ့ လမ်းကြောင်းကနေတစ်ဆင့် တစ်မိုင်၆ဖာလုံဝေးတဲ့ ဘုရားကို ရေထဲကနေဖြတ် သွားဖူးရခြင်းက ထူးခြား ချက်တစ်ခုဖြစ်နေတော့ ဘုရားပွဲရောက်ရင် ဘုရားဖူးစည်ကားတယ်။ နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်နေ့ညကနေ လပြည့်ကျော် ၃ ရက်နေ့ထိ ဘုရားပွဲကျင်းပလေ့ရှိတယ်တဲ့။
တချို့နေရာမှာ သဲသောင်ကျောက်စရစ်ပေါ်၊တချို့နေရာကျတော့ ရေက ခြေသလုံး၊ အလွန်ဆုံး ရေ အ နက်က ခါးလယ်တောင်မရောက်၊ရေထဲမှာ လူတွေတရုန်းရုန်းပျော်စရာကြီးမို့ ဒီနှစ်ဘုရားပွဲ ရာသီ နိုဝင်ဘာ၂၁ ရောက်တော့လည်း ရေထဲမှာဘုရားဖူးပြည်သူ၃သောင်းလောက်ရှိတယ်တဲ့။ ဘုရားဖူးတွေပျော်ပျော်ပါးပါး ရေထဲ ဆင်းဘုရားဖူးထွက်ချိန်ကျမှ ရေတွေကတဖြည်းဖြည်းတက်လာ၊ရေက ရင်ဘတ်လောက်ရောက်တော့ ကြောက်လန့်တကြား၊ဝရုန်းသုန်းကားနဲ့ ရေထဲဆိုတော့ ထွက်ပြေးလို့မရ။
နောက်ဆုံးတော့ ပင်လယ်ထဲ ကျ ပျောက်ကြရ၊တချို့ကအယောက်၃၀လို့ ခန့်မှန်းကြ၊တချို့ကတော့၅၀ကျော်တဲ့။စာရင်းဇယားအတိအကျမရှိ တော့ ၅၀ကိုတော်တော်ကျော်တာလည်းဖြစ်နိုင်တာပေါ့။စုစုပေါင်းပြန်ဆယ်ယူရတဲ့အလောင်းက၂၀။
အဲဒါနဲ့တစ်ဆက်တည်း ပြည်သူကိုပြည်သူမှန်းသိတဲ့ NUGအစိုးရက ဝမ်းနည်းကြောင်းထုတ်ပြန်ခဲ့ပေ မဲ့ ပြည်ဖျက်နေတဲ့ မင်းအောင်လှိုင်ကတော့ တုတ်တုတ်မျှ မလှုပ်တာတွေ့ခဲ့ရတယ်။
နိုဝင်ဘာ၂၁ရက်မနက်ပိုင်းမှာပဲ အကြမ်းဖက်စစ်အုပ်စုခန့်ကရင်ဝန်ကြီးချုပ်ဆိုသူရဲ့ လှိုင်းဘွဲ့ကနေဘားအံပြန် လာတဲ့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ကားနှစ်စီးထိမှန်ခဲ့လေတော့ ဝန်ကြီးချုပ်ဆိုသူ မသေဘူးလားဆိုတဲ့ မေးခွန်းကလည်းလူမှုကွန်ရက်ပေါ် အသံထွက်ကျယ်ခဲ့ပါတယ်။
နိုဝင်ဘာ၂၂ရက်နေ့ရောက်တော့ အာဆီယံ ရာသီဥတုဆိုင်ရာ နှီးနှောဖလှယ်ပွဲကို NUG ဝန်ကြီးတက်ရောက် ဖို့ ဖိတ်ကြားခံရတဲ့သတင်းက ထိုးထိုးထောင်ထောင်။နိုဝင်ဘာ၂၃နဲ့၂၄ မှာကျင်းပမယ့် အဲဒီနှီးနှောဖလှယ် ပွဲကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်တက်ရောက်မယ်တဲ့။
အဲဒီနေ့မှာပဲ တရုတ်-အာဆီယံ ဆက်ဆံရေးနှစ်၃၀ပြည့်အထိမ်းအမှတ်ထိပ်သီးအစည်းအဝေး။ အာဆီ ယံစံတော်ချိန်မနက်၉နာရီမှာ အစည်းအဝေးကျင်းပတယ်ဆိုရင်ပဲ နိုင်ငံတကာသတင်းစာမျက်နှာတွေမှာ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်မပါတဲ့ ဓာတ်ပုံတက်လာခဲ့တယ်။ဒီအစည်းအဝေးမတိုင်ခင် တစ် ပတ်,၁၀ရက်လောက်ကတည်းက မင်းအောင်လှိုင်တက်ခွင့်ရ၊မရ သတင်းအသွားအလာတွေက ဂဏန်းမ ငြိမ်သလို တရုတ်အထူးသံတမန် ဆွန်းကော့ရှန်း ရဲ့ အာဆီယံဒေသတွင်းလွန်းပျံခရီးစဉ်ကိုလည်း သဲ့သဲ့ကြားခဲ့ ရပါတယ်။ မင်းအောင်လှိုင်ကို တရုတ်-အာဆီယံထိပ်သီးအစည်းအဝေး ဖိတ်ကြားမယ့်အပေါ် အာဆီယံအဖွဲ့ဝင် အင်ဒိုနီး ရှား၊မလေးရှား၊စင်ကာပူနဲ့ ဘရူးနိုင်းနိုင်ငံတို့က ကန့်ကွက်ခဲ့တယ်လို့လည်းသတင်းထွက်ပေါ်ခဲ့ပါ တယ်။
အနှစ်ချုပ်လိုက်တော့ မြန်မာအကြမ်းဖက်စစ်အုပ်စုအပေါ် အာဆီယံထိပ်သီးအစည်းအဝေးရဲ့ဆုံးဖြတ် ချက်အတိုင်း နိုင်ငံရေးပိုင်းက မဟုတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကို ဖိတ်မယ် ဆိုတဲ့ မူအတိုင်း ရပ်ခံခဲ့ကြတာမို့ မင်း အောင်လှိုင်ကိုမဖိတ်ဘဲ တရုတ်နိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးကိုဖိတ်ကြားခဲပေမဲ့ မင်းအောင်လှိုင်က ခေါင်း ခါခဲ့ပါတယ်။
အဲဒါနဲ့တစ်ဆက်တည်း၊ဒီဇင်ဘာမှာကျင်းပမယ့် စက်မှုထိပ်သီး၇နိုင်ငံ ဂျီ-၇နဲ့အာဆီယံ နိုင်ငံခြား ရေး နဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာဝန် ကြီးတွေရဲ့ ထိပ်သီးအစည်းအဝေး မြန်မာစစ်အုပ်စုကို မဖိတ်ဘူးလို့ အပြတ်အ ငြင်းခံလိုက်ရ။မင်းအောင်လှိုင်ဆက်ပြီးအောင်ပွဲခံတာကတော့ နိုဝင်ဘာ၂၅ကစပြီး ၂ရက်ကြာ အွန်လိုင်းကနေ ကျင်းပတဲ့ အာရှ-ဥရောပထိပ်သီးအစည်းအဝေးကိုလည်း ငြင်းပယ်ခံရတာပါပဲ။
အဲဒီလိုမင်းအောင်လှိုင်ထိပ်ပေါက်ခေါင်းကွဲဖြစ်နေတဲ့ ၂၂ရက်နေ့မှာ နောက်ထပ်ပေါက်ကွဲစရာထပ်ကြုံ ရတာက NUGအစိုးရကအမေရိကန်ဒေါ်လာသန်း၂၀၀ဖို့းအထူးငွေတိုက်စာချုပ်ရောင်းချမှု ဝက်ဝက်ကွဲအောင် မြင်တာပါ။ငွေတိုက်စာချုပ်ဆိုတာ ပြည်သူဆီကနေ နွေဦးတော်လှန်ရေးမှာသုံးဖို့ ၂နှစ် အတိုးမဲ့ခဏချေးဆိုပြီး ငွေချေးတာပါ။စတင်ရောင်းချပြီး ၃နာရီခွဲအတွင်း ကန်ဒေါ်လာ၃သန်းဖိုးရောင်းရ။၂၄နာရီအတွင်းကန်ဒေါ်လာ ၉သန်းခွဲဖိုးရောင်းရ။NUGအစိုးရကို ပြည်သူထောက်ခံမှုဘယ်လောက်ရှိသလဲဆိုတာ မင်းအောင်လှိုင်မမြင်ချင် လည်းမြင်ခဲ့ရ။
နိုဝင်ဘာ၂၃ရက်နေ့မှာတော့ ဗိုလ်တစ်ထောင်မြို့နယ်ထဲက အသက်၁၉နှစ်အရွယ်လူငယ်လေးကို မင်းအောင်လှိုင်ရဲ့ သားသတ်သမားတွေ ရိုက်သတ်လိုက်တဲ့သတင်းကို မြန်မာပြည်သူတွေ နာနာကျည်းကျည်း ကြားရပြန်ပါတယ်။၂၂ရက်နေ့မှာ သားတင်မက၊အဖေကိုဖမ်း။ပြီးတော့အဖေကိုပြန်လွှတ်၊၂၃ရက်နေ့ရောက် တော့ အလောင်းလာပြန်ယူပါတဲ့။အရွယ်ရောက်ခါစ လူငယ်လေးတစ်ဦးကိုပင် အဆုံးစွန်ရက်စက်ယုတ်မာခဲ့ တဲ့ဇာတ်က ကျနော်တို့ပြည်သူတွေ ကို ရင်နာခဲ့ရ။
မြန်မာနိုင်ငံအတွက် ကုလသမဂ္ဂမှာ ကိုယ်စားပြုမယ့်နေရာကုလသမဂ္ဂရဲ့ စိစစ်လက်ခံရေးကော်မတီ က ဒီဇင်ဘာ၁ရက်နေ့ ဆွေးနွေးကြမယ်ဆိုလား၊နိုဝင်ဘာ၂၅ဟာ ရင်ဖိုချင်စရာ။ပြီးတော့ မြန်မာပလာဇာထဲ ဆန္ဒပြလူငယ်တွေကို လုံခြုံရေးဝန်ထမ်းတွေ ထိုးကြိတ်ဖမ်းဆီးခြင်းသတင်းက တစ်နိုင်ငံလုံးအနှံ့ဟိန်း ထွက် ခဲ့သလို အပြင်းအထန်ကန့်ကွက်သံတွေကလည်း ထောင့်စုံကနေထွက်လာပါတယ်။
နောက်တစ်ရက်ကျတော့ မြန်မာပလာဇာဟာတစပြင်ပမာ ဆိတ်လို့။မြန်မာပလာဇာထဲဖွင့်လှစ်ထား တဲ့ဆိုင်ခန်းအများစုဟာလည်း ဆိုင်ပိတ်သိမ်း သပိတ်မှောက်၊တက္ကစီယာဉ်မောင်းတွေကလည်း မြန်မာပလာ ဇာဆို ဆောရီး၊လိုက်မပို့ဘူးဆိုတာမျိုး။ပြည်သူတို့ရဲ့ကန့်ကွက်မှုက လူကင်းမဲ့ဇုန်ဖြစ်တဲ့အထိ အရှိန်ပြင်းလွန်း လှ။
နိုဝင်ဘာ၂၆ရက်နေ့မှာပဲ အမေရိကန်နဲ့ မဟာမိတ်၆နိုင်ငံက မြန်မာအကြမ်းဖက်စစ်တပ်ကို လက်နက်တင်ပို့ မှုရပ်ဖို့ နဲ့ သူတို့အတွက်အထောက်အပံ့ဖြစ်စေမဲ့ကိစ္စတွေကို ဆိုင်းငံ့ထားဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်။အဲဒီတောင်းဆိုမှုဟာ လက်တွေ့ဘယ်တော့ဖြစ်လာမလဲ စောင့်ကြည့်ရဦးမှာ ဖြစ် ပေမဲ့စစ်အုပ်စုပိုင်ထုတ်ကုန်တွေမရောင်းကြမဝယ်ကြနဲ့ဆိုတဲ့ တစ်ပတ်တာကမ်ပိန်းက နိုဝင်ဘာ၂၇မှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ စတင်လိုက်ပါတယ်။
ဒီတစ်ပတ်တာရဲ့ထူးခြားချက်ကတော့ နေ့စဉ်ပေါက်ကွဲသံတွေနဲ့အသားကျနေပြီဖြစ်တဲ့မြန်မ ပြည် တွင်းမှာ ကန့်ကွက်ဆန္ဒပြမှုတွေ လူထုလှုပ်ရှားမှုအသွင်နဲ့အားကောင်းလာတာပါပဲ။ချက်ချင်းဆိုသလို လူသူ ကင်းသွားတဲ့ မြန်မာပလာဇာကိုကြည့်မလား၊တစ်ပတ်တာ ကမ်ပိန်းကိုကြည့်မလား။လီဗာကို အဆုံးထိနင်း လိုက်တဲ့ကားတစ်စီးပမာ။သားသတ်သမားမင်းအောင်လှိုင်ကတော့ အရှက်တကွဲငြင်းပယ်ခံရခြင်းတွေနဲ့ မိုက်တွင်းနက်မ ပျက် နက်နေဆဲပါ။