၂၇၊ နိုဝင်ဘာလ၊ ၂၀၂၁။
အမေရိကန် ပြည်ထောင်စုက ဦးစီးကျင်းပမယ့် ဒီမိုကရေစီဆိုင်ရာ ထိပ်သီးအစည်းအဝေးအတွက် ရုရှားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့က ကန့်ကွက်လိုက်တယ်လို့ ANI သတင်းဌာနက ဖော်ပြပါတယ်။
ဒီမိုကရေစီဆိုင်ရာ ထိပ်သီးအစည်းအဝေးအတွက် အမေရိကန်ပြည်ထောင်စုဟာ နိုင်ငံပေါင်း ၁၁၀ ကို ဖိတ်ကြားထားပေမယ့် ဒီထဲမှာ တရုတ်နဲ့ ရုရှားနိုင်ငံတို့ မပါဝင်ခဲ့ပါဘူး။
လာမယ့် ဒီဇင်ဘာ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့တွေမှာ ပြုလုပ်မယ့် ဒီအွန်လိုင်း အစည်းအဝေးဟာ ဒီမိုကရေစီနိုင်ငံတွေမဟုတ်တဲ့ ရုရှားနဲ့ တရုတ်နိုင်ငံအတွက် အခက်တွေ့စေပြီး အယူဝါဒဆိုင်ရာ ထိပ်တိုက်တွေ့ဆုံမှုတွေကို ဖြစ်စေလိမ့်မယ်လို့ နိုင်ငံရေး သုံးသပ်သူတွေက ကောက်ချက်ချထားတာပါ။
ရုရှားနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ကတော့ တန်ဖိုးအခြေခံ သံတမန် အရေးကိုသာ ဦးတည်ပြီး နိုင်ငံတကာဆက်ဆံရေးတွေအတွက် ထူထောင်သင့်တယ်လို့ တောင်းဆိုထားပါတယ်။
ကွဲပြားမှုနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေကို နှိုးဆော်တာတွေ ရပ်တန့်ပြီး အကျိုးတူပူးပေါင်းမှုတွေကိုသာ လိုလားတယ်လို့ အသိပေးခဲ့ပါတယ်။
အမေရိကန် ပြည်ထောင်စုက ဦးဆောင်ကျင်းပမယ့် ဒီမိုကရေစီဆိုင်ရာ ထိပ်သီးအစည်းအဝေးဟာ နိုင်ငံတကာအသိုင်းအဝိုင်းကို ပိုင်းခြားလိုက်တဲ့ စည်းတစ်ခုအဖြစ် ရုရှားနဲ့ တရုတ်ဘက်က မြင်နေတာကြောင့် အခုလို ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။