ကနီမြို့နယ် ချောင်းဝကြီးရွာအနီးမှာ ပိတ်မိနေတဲ့ PDFအဖွဲ့ဝင်တွေကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့

၂၆၊ နိုဝင်ဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း ကနီမြို့နယ် ချောင်းဝကြီးကျေးရွာ မြသိန်းတန်ဘုရားအနီးမှာ ပိတ်မိနေတဲ့ PDF တပ်ဖွဲ့ဝင် ၄၅ဦးကို အောင်မြင်စွာ ပြန်လည်ကယ်ထုတ်နိုင်ခဲ့တယ်လို့ Kani PDF (KLG)က သတင်းထုတ်ပြန်လိုက်ပါတယ်။

မနေ့က နိုဝင်ဘာလ ၂၅ရက်နေ့ နေ့လည် ၁၂နာရီခန့်မှာ အကြမ်းဖက်စစ်အုပ်စုက ထိုးစစ်ဆင်တိုက်ခိုက်မှုမှာ လက်နက်အင်အား မမျှတတာကြောင့် KLG တပ်ဖွဲ့ဝင်အချို့ ပိတ်မိခဲ့ပြီး ပြန်လည်ကယ်ထုတ်နိုင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြန်လည်ကယ်ထုတ်ရာမှာ KLGတပ်ဖွဲ့ဝင်တစ်ဦး ကျည်ထိမှန်ခဲ့ပြီး ဒဏ်ရာအခြေအနေဟာ စိုးရိမ်ဖွယ်ရာ မရှိဘူးလို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ အကြမ်းဖက်စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် သာယာကုန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်းမှာ စစ်ဘေးတိမ်းရှောင်နေတဲ့ ပြည်သူ ၂ဦး လက်နက်ကြီး ထိမှန်ခဲ့တယ်လို့ သိရပါတယ်။

ဓာတ်ပုံ- KLG