နယ်မြေရှင်းလင်းစဉ် စစ်အုပ်စုရဲ့ လက်နက်တွေ MNDAAက ထပ်မံသိမ်းဆည်းရမိ

၂၃၊ နိုဝင်ဘာလ၊ ၂၀၂၁။

ရှမ်းပြည်နယ် အထူးဒေသ (၁) မုံးကိုးခရိုင်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ MNDAAတို့ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေပြီး ကိုးကန့်တပ်ဖွဲ့ MNDAAက နယ်မြေရှင်းလင်းစဉ်မှာ စစ်အုပ်စုရဲ့ လက်နက်ခဲယမ်းတွေကို ထပ်မံသိမ်းဆည်းရမိတယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

မနေ့က နိုဝင်ဘာလ ၂၂ရက်နေ့မှာ MNDAAက နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ်မှာ ထပ်မံသိမ်းဆည်းရမိတာဖြစ်တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၂၁ရက်နေ့က မုံးကိုးခရိုင်အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ MNDAAတို့ တစ်နေ့ထဲ တိုက်ပွဲ ၆ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက လက်နက်ကြီးတွေကို အချက်ရေ ထောင်ကဏန်းနီးပါးအထိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မန်ရန်တပ်စခန်းကို လေကြောင်းမှပါ ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မန်ရန်တပ်စခန်းထိုးစစ်ကို MNDAAက ခုခံစစ်ပြန်လည်ဆင်နွှဲခဲ့တာကြောင့် စစ်အုပ်စုက ပြန်လည်ဆုတ်ခွာသွားအပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ်မှာ အခုလို သိမ်းဆည်းရမိတာပဲဖြစ်ပါတယ်။

ရှမ်းပြည်နယ် အထူးဒေသ(၁)အတွင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုက အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ကာ လက်နက်ကြီးတွေကို အလွန်အကျွံအသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- The Kokang