မုံရွာ အမှတ်(၂) ရဲစခန်း လက်ပစ်ဗုံးနဲ့ အပစ်ခံရ

၂၃၊ နိုဝင်ဘာလ၊ ၂၀၂၁။

စစ်ကိုင်းတိုင်း မုံရွာ ​အေးရိပ်သာလမ်းပေါ်မှာမရှိတဲ့ အမှတ်(၂)ရဲစခန်းမှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးတော့ အပြန်အလှန်ပစ်ခတ်မှုအချို့ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၂၃ရက်နေ့ မနက် ၅နာရီခန့်မှာ ရဲစခန်းအတွင်း ပေါက်ကွဲအသံအချို့ကို ကြားလိုက်ရပြီးနောက် သေနတ်သံတွေလည်း ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။

“အမှတ်(၂)စခန်းထဲကနေ ဗုံးပေါက်သံထွက်လာတာ၊ အသံအကျယ်ကြီးပဲ ပြီးတော့ သေနတ်သံတွေလဲကြားရတယ်၊ ဗုံးပစ်ခံရတာလို့ပြောကြတယ် သေတာဒဏ်ရာရတာတွေတော့ မသိသေးဘူး”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပေါက်ကွဲမှုနဲ့ ပက်သက်ပြီး အနောက်မြောက်လွင်ပြင် တော်လှန်ရေး အင်အား NPRFက သူတို့လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဗုံးပစ်တိုက်ခိုက်မှုနဲ့ ပက်သက်ပြီးတော့ အကြမ်းဖက်စစ်အုပ်စုဝင်တွေ သေဆုံးကျ ထိခိုက်မှုကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။