၂၃၊ နိုဝင်ဘာလ၊ ၂၀၂၁ ။
အာဏာရှင်ဟောင်းလည်းဖြစ်၊ တောင်ကိုရီးယားသမ္မတဟောင်းလည်း ဖြစ်သူ ချွန်ဒူးဝမ်ဟာ ဒီကနေ့ နိုဝင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းမှာပဲ ကွယ်လွန်သွားပြီဖြစ်တယ်လို့ koreaherald သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၉၀ အရွယ်ကို ရောက်ရှိနေပြီဖြစ်ပြီး သွေးကင်ဆာတစ်မျိုးနဲ့ ဆိုးလ်မြို့မှာရှိတဲ့ သူ့ရဲ့ နေအိမ်မှာပဲ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။
သူဟာ ၁၉၈၀ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ တောင်ကိုရီးယားနိုင်ငံကို အာဏာသိမ်းယူပြီး သမ္မတအဖြစ် တာဝန်ယူခဲ့တဲ့ စစ်ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်ပါတယ်။
၁၉၈၀ ခုနှစ်မှာဖြစ်ခဲ့တဲ့ ဂွမ်ကျူးအရေးမှာ ချွန်ဒူးဝမ်အနေနဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြပြည်သူတွေကို ရက်ရက်စက်စက် နှိမ်နင်း သတ်ဖြတ်ခဲ့လို့ သေဒဏ်ပြစ်ဒဏ် စီရင်ချက်လည်း ချမှတ်ခံခဲ့ရပါတယ်။
အဲ့ဒီနောက် တောင်ကိုရီးယား သမ္မတ ကင်ယောင်ဆမ်းလက်ထက်မှာတော့ ချွန်ဒူးဝမ်ဟာ ပြန်လည် လွှတ်မြောက်ခဲ့ပါတယ်။
တောင်ကိုရီးယားသမ္မတဟောင်း ချွန်ဒူးဝမ်ဟာ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ အာဇာနည်ဗိမာန်ကိုလည်း လာရောက်ဖူးသူဖြစ်ပြီး အဲ့ဒီတုန်းက သူ့ကို မြောက်ကိုရီးယားဘက်က ဗုံးခွဲလုပ်ကြံသတ်ဖြတ်တာကို ခံခဲ့ရပေမယ့် အသက်ရှင် လွှတ်မြောက်ခဲ့ပါတယ်။
လက်ရှိမှာ koreaherald သတင်းဌာနကတော့ သမ္မတဟောင်း ချွန်ဒူးဝမ် ကွယ်လွန်ခဲ့ပြီးမှာ သူ့ရဲ့ ဈာပနကို နိုင်ငံတော်အဆင့် အမျိုးသားဂူဗိမာန်သင်္ချိုင်းမှာ သင်္ဂြိုဟ်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ရေးသားဖော်ပြထားပါတယ်။