၂၀၊ နိုဝင်ဘာလ၊ ၂၀၂၁။
အမေရိကန် ဗဟိုထောက်လှမ်းရေး CIA ဒုတိယညွှန်ကြားရေးမှူး David Cohen နဲ့ထိုင်းဝန်ကြီးချုပ်တို့ရဲ့ တွေ့ဆုံမှုမှာ မြန်မာနိုင်ငံရဲ့လုံခြုံရေးအခြေအနေကို ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ ယူဆရကြောင်း ထိုင်းအစိုးရအိမ်တော်သ တင်းရင်းမြစ်ကဆိုပါတယ်။
CIA အမေရိကန် ဗဟိုထောက်လှမ်းရေးဒုတိယညွှန်ကြားရေးမှူးDavid Cohenဟာ ထိုင်းအစိုးရအိမ်တော်မှာ နိုဝင်ဘာ ၁၉ရက်နေ့က ထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာယွတ်နဲ့ ဆွေးနွေးခဲ့တာပါ။
ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို လူသား ချင်းစာနာမှုအကူအညီပေးရေးအပါအဝင် အကြောင်းအရာများစွာကိုလည်းဆွေးနွေးခဲ့တယ်လို့ယူဆရကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြပါတယ်။
စီအိုင်အေအကြီးအကဲနဲ့ ထိုင်းဝန်ကြီးချုပ်တို့ရဲ့ တွေ့ဆုံမှုကို မီဒီယာတွေ တက်ရောက်ခွင့်မရပေမဲ့ သူတို့နှစ်ဦးရဲ့ တွေ့ဆုံမှုအပေါ် ထိုင်းအာဏာပိုင်တွေက အတည်ပြုပါတယ်။
CIA အကြီးအကဲရဲ့ ထိုင်းနိုင်ငံခရီးစဉ်ဟာ နှစ်စဉ်ပုံမှန်ဖြစ်ပြီး နှစ်နိုင်ငံအကြား သတင်းအချက်အလက်မျှဝေ တာနဲ့ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတွေကို ဆွေးနွေးကြတယ်လို့ဆိုပါတယ်။
Mr Cohen ဟာ ထိုင်းနိုင်ငံပြီးရင် အရှေ့တောင်အာရှနှစ်နိုင်ငံကို ဆက်လက်ထွက်ခွာမယ်လို့လည်းသိရ ပါတယ်။
ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်စခန်းတွေအတွက် အမေရိကန် ပြည်ထောင်စုက Johnson & Johnson ကိုဗစ်ကပ်ရောဂါ ကာကွယ်ဆေး ကို ဒီဇင်ဘာလအတွင်း လှူဒါန်းသွားမှာဖြစ်ပြီး ကုလသမဂ္ဂရဲ့ ကာကွယ်ဆေး ညီတူညီမျှရရှိရေး COVAX အစီအစဉ်ကနေတစ်ဆင့်လုပ်ဆောင်သွားမယ်လို့သိရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဌာန အကြံပေးဒဲရစ်ချိုးလက်ရဲ့ အောက်တိုလာ၁၇-၂၂ရက် အာရှခရီးစဉ်အတွင်း ထိုင်း နိုင်ငံကို အောက်တိုဘာ၁၈ရက်နေ့ကရောက်ရှိခဲ့ပြီး ထိုင်းဒုဝန်ကြီးချုပ်နဲ့ တွေ့ဆုံကာ ထိုင်းနယ်စပ်ကနေတစ်ဆင့် မြန်မာနိုင်ငံကိုလူသားချင်းစာနာမှုအကူအညီပေးဖို့ ဆွေးနွေးခဲ့ပါသေးတယ်။