အာဆီယံ-တရုတ်အစည်းအဝေးကို မင်းအောင်လှိုင် တက်ရောက်ခွင့်ရ၊မရ သူတို့ဘာပြောကြလဲ

၂၀၊ နိုဝင်ဘာလ၊ ၂၀၂၁။

မကြာမီကျင်းပတော့မယ့် အာဆီယံ-တရုတ်အစည်းအဝေးကို မင်းအောင်လှိုင် တက်ခွင့်ရ၊မရဆိုတာ နွေဦးတော် လှန်ရေးရဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်တယ်လို့ နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးကပြောကြားလိုက်ပါတယ်။

နိုဝင်ဘာ၂၂ရက်နေ့၊တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် ဦးဆောင်ကျင်းပမယ့်အာဆီယံ-တရုတ်အစည်းအဝေး ကို မင်းအောင်လှိုင်တက်ခွင့်ရ၊မရ ဆိုတာ အရေးကြီးအကြောင်းအရာတစ်ခုလို ဖြစ်နေတဲ့အပေါ် နိုင်ငံရေးဆောင်းပါး ရှင်က အဲဒီအပေါ်မှာသာ ပုံအောမထားဖို့ သတိပေးလိုက်တာပါ။

‘မင်းအောင်လှိုင်တက်ခွင့်မရဖို့ လိုအပ်တာသေချာပါတယ်။အစည်းအဝေးတက်ခွင့်မရတာဟာ မင်းအောင်လှိုင်ကို ဒေသတွင်းရောနိုင်ငံတကာအသိုင်းအဝိုင်းကပါ အစိုးရတစ်ရပ်အနေနဲ့ အသိအမှတ်မပြုတာပေါ်လွင် စေပါတယ်။ သံတမန်လမ်းကြောင်းအရ မင်းအောင်လှိုင်ကို အဖက်မလုပ်တာ မင်းအောင်လှိုင်အတွက် အရှုက်ထိုးခံရတာ သေ ချာပါတယ်။ဒါပေမဲ့၊ဒါဟာ တော်လှန်ရေးအတွက် အစိတ်အပိုင်းတစ်ရပ်အဆင့်ပဲရှိတယ်ဆိုတာ သတိပြုစေလို တယ်’လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာတုန်းကလည်း အာဆီယံထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင်တက်ခွင့်ရ၊မရ ကိစ္စမှာ သာ အောက်တိုဘာတစ်လလုံးနီးပါး အချိန်ကုန်ခဲ့ကြတယ်လို့ သူကဆက်ပြောပါတယ်။

မုံရွာအခြေစိုက် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကလည်း ‘မင်းအောင်လှိုင်အတွက် နိုင်ငံတကာဖိအားဆိုတာ အာဏာစသိမ်းကတည်းက သက်ရောက်နေတာပါ။သက်ရောက်မှုတွေများပေမယ့် အခုချိန်ထိ ဘယ်သူ့ကိုမှဂရုမ စိုက်ဘဲ သတ်နေဖြတ်နေတာ လက်ရှိနိုင်ငံတကာဖိအားတွေကို မဖြုံဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။အာဆီယံ ထိပ်သီးအစည်းအဝေးမတက်ရတုန်းက အရှက်ရခဲ့ပေမဲ့ ခဏတဖြုတ်ရှက်တဲ့အဆင့်ပါပဲ။အခုတရုတ်-အာဆီယံ အစည်းအဝေးမတက်ရရင် မင်းအောင်လှိုင်ကို အရှက်ရစေမှာသေချာပေမဲ့ မင်းအောင်လှိုင်အရှက်မရှိတော့ဘူးဆို တာ လည်း သဘောပေါက်ထားကြဖို့လိုပါတယ်’လို့ ပြောပါတယ်။

လက်ရှိမှာ မင်းအောင်လှိုင်ကို အာဆီယံ-တရုတ်အစည်းအဝေး မဖိတ်ကြားဖို့အတွက် အင်ဒိုနီးရှား၊ ဘရူနိုင်း၊ မလေးရှား နဲ့စင်ကာပူနိုင်ငံတွေက ကန့်ကွက်ထားတယ်လို့ သိရပါတယ်။

ကန့်ကွက်တဲ့ နိုင်ငံတွေက အာဆီယံ ထိပ်သီးအစည်းအဝေးတုန်းက ဆုံးဖြတ်ခဲ့တဲ့အတိုင်း မြန်မာနိုင်ငံကို ဖိတ်ကြားတဲ့အခါမှာ နိုင်ငံရေးပိုင်းက မဟုတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးဦးကို ဖိတ်မယ် ဆိုတဲ့ မူအတိုင်းသာ ဆောင်ရွက်ဖို့ လိုလားကြပါတယ်လို့ ဆိုပါတယ်။

ဒီနေ့မနက်ပိုင်းအချိန်ထိတော့ မင်းအောင်လှိုင်တက်ခွင့်ရ၊မရနဲ့ မင်းအောင်လှိုင်ကိုမဖိတ်ရင် တခြားဘယ်သူ့ကိုဖိတ် မလဲဆိုတာ မသိရသေးပါဘူး။