ပြည်သူတွေ နှစ်ဆတိုးအလုပ်လုပ်ကြဖို့ NUG ကာကွယ်ရေးဝန်ကြီး တိုက်တွန်း

၁၉၊ နိုဝင်ဘာလ၊ ၂၀၂၁။

အထိန်းသိမ်းခံနဲ့ ကျဆုံးရဲဘော်တွေကိုယ်စား အသက်ရှင်လွတ်လပ်နေသေးတဲ့ပြည်သူတွေ နှစ်ဆတိုး အလုပ်လုပ် ကြဖို့ NUGအစိုးရ၊ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းလိုက်ပါတယ်။

နိုဝင်ဘာ၁၈ရက်နေ့ည ၈နာရီ၄၄မိနစ်မှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က သူ့ရဲ့လူမှုကွန်ရက်မှာ အဲဒီလိုရေး သားခဲ့တာပါ။

ယမန်နေ့ညနေပိုင်းက NLD လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်ဖမ်းဆီးခံလိုက်ရတယ်လို့ သတင်းထွက်ပေါ်ခဲ့ သလို ရန်ကုန်တိုင်းစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့က PDF ရဲဘော်၂၀ကျော် အဖမ်းခံရတယ်လို့ ရန်ကုန်တိုင်းစစ်ဒေသ ခွဲကွပ်ကဲရေးအဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

‘စစ်​မြေပြင်မှာ အသက်​ပေးသွားတဲ့ ရဲ​ဘော်​တွေရှိတယ်။ခြေလက် အင်္ဂါ စွန့်လှူ သွားတဲ့ ရဲ​ဘော်​တွေ ရှိတယ်။ မြို့ပြရဲ့ အန္တရာယ်​တွေကြားမှာ သူမတူတဲ့ သူရသတ္တိနဲ့ ရုန်းကန် လှုပ်ရှားရင်း ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ရဲ​ဘော်​တွေ ၊ ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခံရတဲ့ ရဲ​ဘော်​တွေ ရှိတယ်။

တစ်​ယောက် အထိန်းသိမ်းခံရတိုင်း၊ တစ်​ယောက် ကျဆုံးတိုင်း ကျွန်​တော်တို့ ​ကြေကွဲကြရတယ်။ ဝမ်းနည်းမဆုံး ဖြစ်ကြရတယ်။ ‘လို့ ကာကွယ်ရေးဝန်ကြီးကပြောပါတယ်။

ဒါပေမဲ့၊တော်လှန်ရေးဆိုတာ ဆုံးအောင်သွားရမယ့်ခရီးဖြစ်ပြီး အဆုံးထိသွားဖို့ ဆုံးဖြတ်ထားတဲ့ ရဲဘော်တွေ၊ပြည် သူတွေ သိန်းသန်းချီရှိနေတယ်လို့ ယုံကြည်ကြောင်းလည်းပြောပါတယ်။

‘နှစ်ဆတိုးရဲရင့်ကြမယ်လို့ သစ္စာပြုပါတယ်’လို့လည်း ဦးရည်မွန်က ဆိုပါတယ်။