၁၇၊ နိုဝင်ဘာလ၊ ၂၀၂၁။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ လေထုထဲ မီးခိုးမြူတွေ ဆိုးဆိုးရွားရွားဖြစ်ပေါ်နေလို့ လေထုညစ်ညမ်းမှု အန္တရာယ် အမြင့်ဆုံးအဆင့်သတ်မှတ်ပြီး မြို့တော်က ကျောင်းတွေကို အကန့်သတ်မရှိ ပိတ်ပစ်လိုက်ပါတယ်။
Aljazeera သတင်းဌာနရဲ့ ဖော်ပြချက်အရ လက်ရှိမှာ အိန္ဒိယအစိုးရအနေနဲ့ စာသင်ကျောင်းတွေကို ကန့်အသတ်မရှိပိတ်ထားဖို့ ညွှန်ကြားထားတဲ့အပြင် ဆောက်လုပ်ရေးလုပ်ငန်းတွေကိုလည်း ယာယီပိတ်ထားဖို့ အသိပေးထားပါတယ်။
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ဟာ ကမ္ဘာ့လေထုညစ်ညမ်းမှု အရှိဆုံး မြို့တစ်မြို့ဖြစ်ပြီး လူဦးရေ သန်း ၂၀ လောက်အထိ နေထိုင်နေတဲ့ မြို့ဖြစ်ပါတယ်။
လက်ရှိမှာတော့ နယူးဒေလီမြို့ အနီးနားမှာရှိတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ၅ ရုံကိုလည်း ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။
အစိုးရက အခုပြုလုပ်လိုက်တဲ့ ကန့်သတ်ချက်တွေကို လေထုညစ်ညမ်းမှုတွေ မလျော့ပါးမချင်း ကန့်သတ်ထားဦးဖြစ်သလို အလုပ်သမားဝန်ထမ်းတွေကိုလည်း အခုကာလမှာ အိမ်ကနေ အလုပ်လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။
နယူးဒေလီမြိုကမှာ ဖြစ်ပေါ်နေတဲ့ လေထုညစ်ညမ်းမှုဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အစည်း WHO က ထုတ်ပြန်ထားတဲ့ အဆိုးရွားဆုံးအဆင့်သတ်မှတ်ချက်ထက် အဆင့် ၃၀ လောက် ပိုများနေခဲ့တာလို့ Aljazeera သတင်းဌာနက ဖော်ပြခဲ့ပါတယ်။